[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 38]U+Z

Start from the beginning
                                    

အကြည့်တွေဟာ သိပ်ကြောက်ဖို့ ကောင်းတာပဲ..။

"ဟားဟား သိပ်ကြောက်ဖို့ ကောင်းတယ်.."

သူ ရီနေတယ် ခံစားချက်မဲ့နေတဲ့ လူတစ်ယောက် အသွင်ဖြင့်..။

"အစာစားချိန်ရောက်ပြီ.."

ပွင့်ဟလာသော တံခါးကြောင့် မျက်ရည်များကို အစအနမကျန်အောင် လက်ရာဖျောက်လိုက်သည်။

"မြန်မြန်လာစမ်းပါ.."

သူ မနှစ်သတ်သော သံကြိုးတွေနဲ့ သူ့ကို ချိတ်နှောင်ကြပြန်တယ်။

တကယ် မနှစ်သက်ဘူး တကယ့်ကို မနှစ်သက်ဘူး..။

ကြိုးတွေကို ဆတ်ကနဲ ဆွဲလိုက်တိုင်း ရလာတဲ့ နာကျင်မှုကိုတော့ သူ နှစ်သက်ပြန်တယ်..။

နာကျင်မှုတွေကို နှစ်သက်တယ် ကြိုးတွေကိုတော့ မနှစ်သက်လေဘူး။

"ဆယ့်ငါးမိနစ်အချိန်ရတယ် ကောင်လေး.."

တွန်းထုပ်ခံလိုက်ရသောကြောင့် အရှိန်ဖြင့် အခန်းကြီး တစ်ခုဆီသို့ စိုက်စိုက်မြိုက်မြိုက် ဝင်ရောက်သွားလေသည်။

"သောက်ကျိုးနည်း မင်းသေချင်နေတာလား.."

"ခွေးကောင် မင်းတော့ ပါးကွဲတော့မယ်.."

ရန်သတ်သော စကားသံများဖြင့် ဖုံးလွှမ်းနေသော အခန်းကျယ်ကြီးဟာ သိပ်ကို တုန်လှုပ်စရာ ကောင်းလွန်းတယ်။

တန်းစီလိုရသော နေရာဆီသို့ သူ သွားခဲ့တယ်။အစီလိုက် စီထားတဲ့ ဗန်းကို ကိုင်ယူပြီး ဟင်းတွေ ထည့်ပေးနေတာကို စောင့်နေတဲ့ လူအတန်းကြီးဆီ သူ နောက်ဆုံးတွင် ဝင်စည်လိုက်တယ်..။

"ခွေးမသား ရှေ့က ဖယ်စမ်း.."

ကိုင်ထားသော ဗန်းကို ပစ်ထုပ်လိုက်ချိန် ကျယ်ပြန့်သွားသော ဗန်းကျသံ အနောက်ကိုလှည့်ကြည့်တော့ အဖွဲ့ ဖွဲ့ထားတဲ့ အတိုင်း ဗလအားကောင်းကောင်းနဲ့ လူ ငါးယောက်ဟာ သူ့ကို သတ်တော့မဲ့ အတိုင်း စိုက်ကြည့်နေကြတယ်။

ကျသွားသော ဗန်းကို အမြန်ပြန်ကောင်းရင်း သူတို့အတွက် နေရာဖယ်ပေးလိုက်သည်။

သူ ကြောက်တယ် တကယ့်ကို ကြောက်တာ။သူတို့တွေဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် ကြောက်စရာကြီးတွေ။

You're MineWhere stories live. Discover now