' ငါအဆင်ပြေပါတယ်...ဟုတ်တယ်ဟုတ်  '

ငါသူ့ရဲ့ခေါင်းပေါ်ကိုဖျတ်ခနဲလှမ်းကြည့်လိုက်တယ်
[ Interest.13% ]က အမှောင်ထဲမှာတောင် အချက်ပြမီးတစ်ခုလိုတောက်ပနေခဲ့တယ်၊
ဘယ်လောက်ကြာအောင်ငါတို့တိတ်တဆိတ်လမ်းလျှောက်နေရဦးမှာလဲ၊

အဝေးကနေ ရူခင်းကြည့်တဲ့အဆောက်အုံတစ်ခုကိုလှမ်းမြင်လိုက်ရတယ်၊နောက်ဆုံးတော့ ငါတို့တောင်ကုန်းထိပ်ကိုရောက်နေခဲ့ပြီ၊ငါအထဲကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်၊

' ဘာလဲ...ငါကဒါကိုချိန်းတွေ့တဲ့နေရာလို့ထင်နေခဲ့တာ '

အဲ့တာကဂိမ်းထဲမှာ ယောကျာ်းလေးနဲ့မိန်းခလေး လျှို့ဝှက်စွာတွေ့ဆုံတဲ့နေရာလို့ဖော်ပြခဲ့တယ် ဒါပေမဲ့ငါအထဲကိုကြည့်လိုက်တော့ အထဲမှာဘာမှရှိမနေခဲ့ဘူး၊

' ငါဒီလူနဲ့ အတူရှိနေရတာကို ကြောက်လာပြီ '

ငါအားမရှိတော့ဘဲ ခုံတန်းဘက်ကိုရွှေ့လိုက်တယ်
ငါဒီကိုလာရတာအားအင်တွေကုန်ခမ်းနေပြီ၊ ငါပြင်းပြင်းထန်ထန်အနားယူမှကိုဖြစ်မယ်၊

'' ဒီကိုလာ ''

ဒါပေမဲ့ခြေတစ်လှမ်းတောင်မရှိခင် Derrickကငါ့ကိုထပ်ပြီးဆွဲခေါ်သွားပြန်တယ်၊တောင်ကုန်းရဲ့ထိပ်ဆုံးကိုရောက်မှ လမ်းလျှောက်တာကိုရပ်လိုက်တယ်၊

'' အောက်ကိုကြည့် ''

ငါသူပြောသလိုလုပ်ခဲ့တယ်၊ပြန်ချေပနေဖို့အားမရှိတော့လို့...ဒါပေမဲ့...

'' ဟမ် ''

မြင်ကွင်းကြောင့်မျက်လုံးတွေကျယ်သွားခဲ့တယ်၊
ဒါကတောင်ကုန်းသာသာဘဲလို့ အထင်သေးလိုက်တယ်ဆိုရင် မှားသွားလိမ့်မယ်၊

ငါ့တို့အောက်ဘက်မှာ ပွဲတော်ကြောင့်လူတွေပြည့်လျှံနေတဲ့ မြို့တော်ရဲ့လက်ဖျားခါလောက်တဲ့မြင်ကွင်းကို မြင်နေရတယ်၊ရောင်စုံမီးအိမ်တွေနဲ့ ပြင်ဆင်ထားတဲ့ ညလမ်းသွယ်တွေ ရှေးဟောင်းအဆောက်အအုံတွေနဲ့ မရေမတွက်နိုင်အောင်သွားလာနေကြတဲ့ လူတွေ...

Normal mood မှာက ပွဲတော်အခန်းမရှိခဲ့ဘူး Hard moodမှာလဲ ပွဲတော်အပိုင်းကို ကစားခဲ့ရုံလေးသာ
ဒါပေမဲ့ အခုတွေ့ရဲ့မြင်ကွင်းက ဂိမ်းထဲမှာ​တောင်မမြင်နိုင်တဲ့မြင်ကွင်းမျိုးဘဲ

DITOEFVWhere stories live. Discover now