''မင်းဘဲ အပြစ်ဒဏ်ကိုလိုချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား၊ အထွန့်တက်မနေဘဲလိုက်လာခဲ့ ''

သူကတစ်ဖက်ကိုပြန်လှည့်သွားခဲ့ပြီး လမ်းဆက်လျှောက်နေခဲ့တယ်၊မြန်မြန်ဘဲ ငါတို့ဝင်ပေါက်ကိုဖြတ်လာခဲ့ပြီး လျှောစောက်ပေါ်ကိုတက်လိုက်တယ်

ငါအရင်တစ်ခါကပြောပြီးတာကြောင့် အဲ့တာကိုမပြောနိုင်တော့ဘူး၊တကယ်လို့ ငါကမသွားချင်လို့များသူ့ကိုပြောလိုက်ရင် သူ့ဘာပြောမလဲဆိုတာကိုငါမခန့်မှန်းနိုင်ဘူး၊

ရွေးချယ်စရာမရှိတာမို့ ငါသူ့ရဲ့နောက်ကိုလိုက်ခဲ့လိုက်တယ် ဒါပေမဲ့ ငါတို့အများကြီးလမ်းမလျှောက်ရသေးတာတောင် ဒီခန္ဓာကိုယ်ကမြန်မြန်ပင်ပန်းနေခဲ့တယ် ပြီးတော့ သူ့ရဲ့နှုန်းအတိုင်းလမ်းလျှောက်နေတာက ပြေးလုနီးပါးဖြစ်နေခဲ့တယ်၊

'' ဟမ်း...ဟမ်း... ''

ငါထင်တယ် မျက်နှာဖုံးတပ်တဲ့ငါ့မျက်နှာနောက်မှာ ခက်ခက်ခဲခဲအသက်ရှူနေခဲ့ရတယ်၊

' သူ့ငါ့ကိုပေးတဲ့အပြစ်ဒဏ်က ဒီတောင်ကုန်းကိုတက်ရတာလား '

တကယ်လို့ အဒ့လိုသာဆို ဒီကောင်ကတော်တော်လေးအကြင်နာတရားမရှိတဲ့အကောင်ဘဲ...

မိန်းခလေးတစ်ယောက်ကို မစာနာဘူး၊Derrickကနောက်ကိုလှည့်မကြည့်ဘဲနဲ့ ဆက်လျှောက်နေခဲ့တယ်၊လုံးဝတောင့်မခံနိုင်တော့တဲ့အချိန်မှာတော့ ငါပြောလိုက်တယ်...

'' ဟား...နေပါဦး ''

'' ထပ်ပြီး ဘာလဲ... ''

ဒီတစ်ခါမှာတော့ သူကလမ်းလျှောက်တာကိုမရပ်လိုက်ဘဲနဲ့ စိတ်ရှုပ်နေတဲ့ပုံနဲ့ပြန်ဖြေလာခဲ့တယ်၊ပြီးတော့အဲ့တာကငါ့ကိုခြောက်ဖို့လုံလောက်ခဲ့တယ်
အဲ့လိုဆိုရင်တောင် ငါဒီလိုမျိုးသူတရွတ်တိုင်ဆွဲလာတာကိုလက်မခံနိုင်ဘူး၊ ငါဝတ်ထားခဲ့တဲ့ဝတ်ရုံကတောင် အောက်ဖျားပိုင်းကအရမ်းကိုညစ်ပတ်နေခဲ့တယ်၊

'' ရှင်အဲ့လိုအမြန်လျှောက်နေတာက လိုက်ဖို့ခက်ခဲတယ် ''

ငါကြောက်နေတဲ့အသံနဲ့ ကန့်ကွက်လိုက်တယ်၊အရိုးသားငါတွေးလိုက်တာက သူငါ့ကိုလျစ်လျှူရှုလိုက်မယ်လို့၊ဒါမှမဟုတ် သူအမြဲလုပ်နေသလိုမျိုး တဗျစ်တောက်တောက်နဲ့ပြောမယ်လို့...
အံဩစရာက သူ့ရဲ့ခြေလှမ်းတွေကနှေးစပြုလာခဲ့တယ်၊ပြီးတော့ သူနဲ့ငါ့ရဲ့ကြားမှာသင့်တင့်တဲ့အကွာအဝေးမျိုးဖြစ်လာခဲ့တယ်

DITOEFVWhere stories live. Discover now