Part 5

1.1K 100 9
                                    

ပတ်ဝန်းကျင်တွင် မြူတွေဆိုင်းပြီး ညိုမှောင်သော ကောင်းကင်အောက်တွင် ဏီ ရောက်ရှိနေသည်။ စိမ့်အေးပြီး တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ဖြစ်သောကြောင့်....

'ပါပါး...မာမီ...ကိုကို...'

ဏီ ခေါ်သော်လည်း မည်သူမှထူးသံမကြားရ၍ ရှေ့ဆက်လျှောက်လိုက်ရာ....

'ဝုန်း....အားးး...'

'ကယ်...ကယ်ကြပါ...ကယ်ကြပါဦး'

တွင်းနက်တစ်ခုထဲ ပြုတ်ကျကာ ဏီ ခြေထောက်နာသွားပြီး မထနိုင်တော့ပါ။ ကိုယ်တစ်ယောက်ထဲ မရင်းနှီးသောပတ်ဝန်းကျင်သို့ ရောက်ရှိနေ၍ ဏီ စိုးထိတ်အားငယ်နေမိသည်။ ထိုအချိန်တွင် ဏီ့ဘေးနားသို့ ကြိုးလေးတစ်ချောင်းကျလာသည်။

'ဟိတ်...နင် ထနိုင်လား အဲ့ဒီကြိုးလေးဆွဲပြီး အပေါ်တက်ခဲ့...'

ဏီ မိန်းကလေးတစ်ယောက်အသံ ကြားရသောအခါ အားတက်သွားသည်။

'အား...ငါ ခြေထောက်နာနေတာ...မတက်နိုင်ဘူး'

ဏီ ကြိုးစားထသော်လည်း ဘယ်လိုမှမရပ်နိုင်ပဲရှိရာ...

'ဒါဆိုခဏလေးစောင့်...ငါ့ ဦးကြီးကို သွားခေါ်ဦးမယ် မကြောက်နဲ့နော် ခဏပဲ ငါပြန်လာခဲ့မယ်'

ဏီ အားငယ်သွားသော်လည်း စောင့်နေရုံအပြင်ဘာမှမတတ်နိုင်သောကြောင့် နာကျင်သွားသော ညာဘက်ခြေချင်းဝတ်ကို အသာကိုင်ကာ တွင်းနံရံကို မှီနေလိုက်သည်။ နာရီဝက်ခန့်ကြာသော်...

'ဦးကြီး...သမီးပြောတဲ့ ကလေးမလေးက ဒီအထဲမှာ'

ဏီ တွင်းဝသို့ မော့ကြည့်လိုက်တော့ ခေါင်းပေါင်းနှင့် ဦးလေးကြီးတစ်ယောက်ကို မြင်လိုက်ရသောအခါ...

'ဟာ...ဟုတ်သားပဲ...သမီးမကြောက်နဲ့နော် ဦးလာခေါ်မယ်'

ထိုဦးလေးကြီးက တွင်းထဲဆင်း၍ ဏီ့ကို ကုန်းပိုးကာတွင်းပေါ်သို့ ကုပ်တက်ခဲ့ရာ ဏီ အပြင်သို့ရောက်ရှိလာခဲ့သည်။

'နင့်ဖေဖေ မေမေဆီ ငါတို့လိုက်ပို့မယ်လေ'

ယခုပြောသူမှာ ဂါဝန်အနီလေးဝတ်ထားပြီး Shoes အနီရောင်လေးစီးထားကာ ဆံပင်ရှည်လေးကို နှစ်ဖက်ခွဲစည်းထားသော မျက်လုံးဝိုင်းဝိုင်းနှင့် ချစ်စဖွယ်မိန်းကလေး ဖြစ်နေသောကြောင့် ဏီ အံ့သြသွားသည်။

"သို့...အချစ်...ဝင်လာခွင့်ပြုပါ"Where stories live. Discover now