Part 4

995 100 6
                                    

'ဒါနဲ့ မင်းသမီးသျှိုးဆက်ဏီ ကို တစ်ခုထပ်မေးလို့ရမလား'

'Sure! You can!'

နာမည်ကြီးပြီး ခမ်းနားလှသော Jewelry Showroom ဖွင့်ပွဲသို့ အထူးဧည့်သည်တော်အနေဖြင့် ဖိတ်ကြားခံရသော သျှိုးဆက်ဏီမှာ Journalist တို့၏ Interview ကို ဖြေကြားနေပါသည်။ Foreign designer ၏ Creation ဖြင့် အနီရောင်ဂါဝန်အရှည်ကို စိန်ပွင့်လေးများဖြင့် စီရီထားပြီး ကြေးနီရောင်ဆံနွယ်တို့ကို သေသပ်စွာထုံးဖွဲ့ထားသော သျှိုးဆက်ဏီမှာ ပတ္တမြားအဆင်တန်ဆာတို့ကို ဝတ်ဆင်ထားသောကြောင့် လူအများအလယ်တွင်တင့်တယ်ပေါ်လွင်ကာ ကျက်သရေရှိစွာ လှပနေပါသည်။

'မင်းသမီးရဲ့ မိခင်ဒေါ်ဝတီဟန်က မကြာသေးခင်က နောက်အိမ်ထောင် ထူထောင်ထားတာလို့ သိရပါတယ် မင်းသမီးနဲ့ အဲ...ဘယ်လိုပြောရမလဲ မိသားစုအရေးမှာ ကြီးကြီးမားမားပြောင်းလဲတာမျိုး ရှိလာနိုင်မလား သိပါရစေရှင့်'

ဏီ စိတ်ထဲတွင် ထောင်းကနဲ ဒေါသဖြစ်သွားသော်လည်း ထိုကဲ့သို့မေးလာနိုင်သည်ကို ကြိုတင်တွက်ဆထားပါသည်။ စိတ်ထဲတွင် အကြိမ်ကြိမ်ပြင်ဆင်ထားသော်လည်း တကယ်မေးလာသောအခါ ဏီ့အတွက် အနည်းငယ်တော့ စိတ်လှုပ်ရှားရသည်။ သို့သော် အကယ်ဒမီ ၂ဆုပိုင်ရှင် နာမည်ကျော်မင်းသမီး သျှိုးဆက်ဏီအတွက်တော့ သရုပ်ဆောင်ပညာမှာ တစ်ဖက်ကမ်းခတ်နေပြီမို့ ချက်ချင်းပင် မဲ့ပြုံးလေးတစ်ခုကို ဖန်တီးလိုက်ပါသည်။ ထို့နောက် မေးလာသည့် Journalist ၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ....

'ဒီမေးခွန်းကိုမဖြေခင် ဏီ့ဘက်က နည်းနည်းမေးပါရစေ နာမည်ဘယ်လိုခေါ်လဲ'

ထိုအဖြစ်တို့ကို Showroom သို့ ဖိတ်ကြားခံထားရသည့် Director စံဝတ်လွှာလဲ မြင်တွေ့ကြားသိနေရပါသည်။ နက်မှောင်သောဆံနွယ်တို့ကို အလိပ်ကြီးကောက်ထားပြီး လိမ္မော်ရောင်ဂါဝန်လက်ဖောင်းအရှည်လေးကို Sequin လေးများဖောက်ထားကာ အပေါ်ပိုင်းအကျပ် ဒူးအောက်ပိုင်းအဝဲလေးဖြင့် တမူထူးခြားလှပနေသော လွှာမှာ ဏီ စိတ်တိုနေမည်ကို တွေးမိလိုက်ပါသည်။ သို့သော် သျှိုးဆက်ဏီဆိုသည်မှာ မာနကြီးပြီး အင်မတန်လိမ္မာပါးနပ်ထက်မြက်သူဆိုတာ အသေအချာသိနေသူမို့ အသာပင် အကဲခတ်နေလိုက်ပါသည်။

"သို့...အချစ်...ဝင်လာခွင့်ပြုပါ"Where stories live. Discover now