'ဒီနေရာကို ဘာလို့လာတာလဲ'

နားမလည်ဟန်ဖြင့်ခေါင်းမော့ကာ မေးခွန်းထုတ်လိုက်တော့ ဟန်နရီကထိုသဲပြင်ပေါ်ထိုင်ချကာ ကျောက်စရစ်ခဲတစ်ခုကိုကောက်ယူလိုက်၏။ထို့နောက် အရှိန်ဖြင့်လှိုင်းထနေသည့်ရေလှိုင်းထဲသို့ ထိုကျောက်စရစ်ခဲကိုလှမ်းပစ်လိုက်သည်။

" ဒီအတိုင်းဒယ်ဒီ့ကိုလွမ်းလို့ သူနဲ့လာဖူးတဲ့နေရာကို မင်းကိုခေါ်လာတာ "

မျက်နှာအမူအယာက ဘာမှပြောင်းလဲသွားခြင်းမရှိသော်လည်း လွမ်းဆွတ်ဆွတ်ပြောလာသည့်အသံက အနည်းငယ်၀မ်းနည်းနေဟန်ရှိ၏။မိသားစုအရေးနဲ့ပတ်သတ်လျှင် အမြဲသိုသိပ်စွာနေတတ်သည့် ဟန်နရီကြောင့် လွန်းကအခြားမေးခွန်းများဖြင့် အခက်တွေ့အောင်မေးခွန်းမထုတ်ချင်တော့ပေ။

'တကယ်တော့အထီးကျန်နေခဲ့တာ'

မျက်နှာလွှဲကာပြောဆိုလာသည့် သြရှရှအသံကြောင့် လွန်းကခေါင်းအသာညိတ်ကာ သေချာနားထောင်ပေး၏။

ဟန်နရီက သူ့ရင်ထဲဖြစ်ပေါ်နေသည့်၀မ်းနည်းစိတ်တွေကိုဖုံးကွယ်ရင်း သူ့မျက်နှာကိုလက်တစ်ဖက်ဖြင့်အုပ်ကာ ငြိမ်သက်သွား၏။လူတစ်ယောက်၏ပုံသွင်းမှုအောက်တွင် စက်ရုပ်သဖွယ်ရှင်သန်ခဲ့ရသော သူ့ဘ၀က ၀မ်းနည်းရင်တောင်ထို၀မ်းနည်းမှုအား ထုတ်ဖော်ခွင့်မရခဲ့ပေ။ငယ်ငယ်ရွယ်ရွယ်နှင့်ပြတ်တောက်ခဲ့သော ဖခင်မေတ္တာအား ဟီရိုထံမှကိုယ်စားမျှော်လင့်ခဲ့ဖူးသော်လည်း ဟီရိုကသူ့အပေါ်တွင် ကြင်နာခြင်းတစ်စုံတစ်ရာမှ ပြသခဲ့ခြင်းမရှိပေ။

'ငါမင်းကို ခဏလောက်ဖက်ထားလို့ရမလား'

'ဟင်'

ရီ၀ေ၀ေစူးစိုက်ကြည့်နေသည့်မျက်၀န်းတွေကြောင့် လွန်းကမျက်တောင်တွေကို ခပ်ကျဲကျဲပုတ်ခပ်ရင်း ဟန်နရီရဲ့လက်ကိုခပ်ဖွဖွဆုပ်ကိုင်လိုက်၏။ယခုချိန်တွင် ဟန်နရီအတွက်အဓိကလိုအပ်ခြင်းက နွေးထွေးကြင်နာမှုသာဖြစ်တာကြောင့် လွန်းက
မ၀ံ့မရဲဖြင့်ဟန်နရီရဲ့ခန္ဓာကိုယ်အား လှမ်းဖက်လိုက်သည်။

" ကိုကိုကြီး၀မ်းနည်းနေရင် ငိုချပစ်လို့ရတယ် ဒီနေရာမှာဘယ်သူမှမရှိတဲ့အတွက် စိတ်ကိုတင်းထားစရာမလိုဘူး "

HANARY(S1+S2) Where stories live. Discover now