CTD - 16 (Zawgyi)

Start from the beginning
                                    

" နောက်နှစ်ကျရင် အဆောင်ပြောင်းကြမလား အသက်"

" ဘာလို့လဲ"

" ဒီအဆောင်က အခန်းနံရံတွေ ပါးတယ်၊ ဪ...နောက်ပြီး ခုတင်တွေကလည်း မခိုင်ဘူးလေ"

" ဟင်..."

လူကြားသူကြားထဲမှာ ပါးစပ်စည်းမစောင့်သော ညီ့ကို သူ အသေသာသတ်လိုက်ချင်တော့သည်။ သတ်လိုက်လျှင်လည်း ညီ့အထိအတွေ့နှင့် မဝေးနိုင်သည့်သူသာ ဒုက္ခရောက်နိုင်၏။ ရွှေလဝင်းတို့ကတော့ လည်ချောင်းထဲမှာ ရောက်နေသည့်ခေါက်ဆွဲဖက်ကို ထွေးထုတ်ရမလား၊ မျိုချလိုက်ရမလားဖြင့် တန်းလန်း ဖြစ်နေရှာသည်။

ထိုစဉ် သူတို့နားက ဝိုင်းကို ကောင်မလေးတစ်စုဟာ လာရောက်ထိုင်ပြီး ဒေါင်းသက်ညိုကို မျက်စပစ်ပြနေကြသည်။ ဒေါင်းသက်ညိုက ညီ့မျက်နှာသာ ကြည့်တတ်သူမို့ မသိပေမဲ့ ညီမိုးယံကတော့ မြင်သွားပြီး ချက်ချင်း မျက်နှာပျက်သွားသည်။

ထို့နောက် တူကို ပစ်ချ၍ အသက်၏စတစ်ကော်လံထိပ်ဖျားက ကြယ်သီးများကို စူစူပုတ်ပုတ်ဖြင့် တပ်ပေးလိုက်သည်။ ဒေါင်းသက်ညိုလည်း ညီ၏လက်ရှိ အခြေအနေက ချစ်ဖို့ ကောင်းနေ၍ စားလက်စ ခေါက်ဆွဲကိုတောင် အာရုံမရောက်တော့ဘဲ ညီ့မျက်နှာလေးကိုသာ တမြတ်တနိုး ငေးကြည့်နေမိသည်။ သို့ရာတွင် ညီသည် သူ့တီရှပ်အင်္ကျီပေါ်က ရှပ်အင်္ကျီကိုပါ ချွတ်လိုက်ပြီး ဒေါင်းသက်ညို၏ကိုယ်ပေါ်သို့ ထပ်တင်ပေးလာ၏။

ဆက်လက်၍ သူ့ပန်းကန်ထဲရှိ ခေါက်ဆွဲများကို တူဖြင့် အစိတ်စိတ်အမွှာမွှာ ထိုးဆွနေလေသည်။ တီရှပ်တစ်ထည်တည်း ဝတ်ထားသောကြောင့် လက်ပြင်တွေနှင့် ကုပ်သားတွေရှိ အမွေးနက်နက်လေးများကို သူ မြင်နေရသည်။ သို့ရာတွင် ရုတ်တရက် စိတ်ကောက်သွားသည့် ညီ့ကို ဒေါင်းသက်ညို နားမလည်နိုင်ပေမဲ့ အသည်းယားလွန်းလို့ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်နိုင်ဘဲ အမွှေးနက်ကလေးတွေ ခပ်ပါးပါး ရှိနေသောကြောင့် ကြမ်းရှရှ ဖြစ်နေသည့်ပါးပြင်လေးကို ရွှတ်ခနဲ လှမ်းနမ်းလိုက်သည်။

" ကိုယ့်ရဲ့မျောက်လေး"

အနမ်းခံလိုက်ရ၍ ပြုံးဖြဲသွားပြီးမှ မျောက်ဟု ခေါ်ခံရသောအခါ ချက်ချင်း ပြန်မဲ့သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးတွေကြောင့် ငယ်စဉ်ကတည်းက မျောက်ဟု အမြဲ စနောက်ပြီး ခေါ်ဆိုခဲ့ကြသောမိဘနှစ်ပါးကိုလည်း သွားသတိရမိသည်။ ဒေါင်းသက်ညိုကတော့ သူ့ကိုယ်ပေါ်က ညီ့အဝတ်ကို ဆွဲယူ၍ နမ်းရှုပ်လိုက်ပြီး ညီ့ကိုယ်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။

CTD [Completed]Where stories live. Discover now