" ငါခုနကတောင်းတဲ့ပိုက်ဆံ မင်းပေးနိုင်လား "
" ကျွန်တော့်မှာ အဲ့လောက်တော့မရှိဘူးထင်တယ် "
" ဒါဆိုဘယ်လောက်ရှိလဲ "
" ခြောက်သောင်းလောက်တော့ရှိမယ်ထင်တယ် ကျောင်းရန်ပုံငွေပွဲအတွက် နည်းနည်းစုထားသေးတာဆိုတော့ "
လွန်းက ခေါင်းကိုငုံ့ကာဆက်တိုက်အကြည့်လွှဲထားတာမို့ ဟန်နရီကကြိတ်ပြုံးရင်း တစ်သောင်းတန်တစ်အုပ်အား လွန်းလက်ထဲသို့ထည့်ပေး၏။
'ရော့'
'ဟင်...ဒါဘာလဲ'
'မုန့်ဖိုး'
'ဟင့်အင်း ဒီလောက်အများကြီးကျတော်မယူဘူး'
'ပေးနေတုန်းယူနော် မဟုတ်ရင်ငါစိတ်ရှိတိုင်း မင်းကိုကိုင်ပေါက်မိလိမ့်မယ်'
' ဒီလောက်အများကြီး ကျွန်တော်မယူ..."
'ငါကယူဆိုယူလိုက်...ဒီပိုက်ဆံကဘယ်လောက်မှများတာမဟုတ်ဘူး ငါ့ကိုလူဆိုးဖြစ်အောင် မလုပ်နဲ့လွန်းတာနေဆန်း'
ခပ်မာမာပြောဆိုလာသည့်အသံကြောင့် လွန်းကခေါင်းကိုမြန်မြန်ဆန်ဆန်ညိတ်ရင်း လက်ခံလိုက်၏။လက်ထဲမှ နာရီကိုငုံ့ကြည့်လိုက်တော့ အချိန်အတော်နောက်ကျနေပြီဖြစ်သည်။
' ဒီမနက်ငါ Companyကိုသွားစရာရှိလို့ လိုက်မပို့တော့ဘူး အိမ်ကဒါရိုက်ဘာနဲ့ပဲသွားလိုက်တော့ '
'ဟင့်အင်း ကျွန်တော်သွားနေကျအတိုင်း Busနဲ့ပဲသွားမှာ'
'ဘာ! မင်းအမြဲတမ်း Busနဲ့ပဲကျောင်းကိုသွားနေတာလား'
'.....'
'ငါမေးနေတယ်လေ အမြဲအဲ့လိုပဲသွားနေတာလား...မာမီက အိမ်ကဒါရိုက်ဘာနဲ့မပို့ပေးဘူးလား ငါ့ကိုပြောစမ်း'
'ကြီးကြီးကဒါရိုက်ဘာနဲ့သွားခိုင်းတာပါ ကျွန်တော်ကအလုပ်ပိုမှာစိုးလို့ busနဲ့ပဲသွားတာ'
" မင်းဘာသာမင်းအရင်က ဘာနဲ့သွားသွားငါစိတ်မ၀င်စားဘူး။အခုငါပြန်ရောက်လာပြီဖြစ်တဲ့အတွက် ကျောင်းကြိုကျောင်းပို့ကို ငါပဲလုပ်မယ် ကြားလား "
စကားအချေအတင်ပြန်ပြောလည်း နိုင်မှာမဟုတ်ကြောင်းသိတာမို့ လွန်းကခေါင်းကိုအသာညိတ်ကာ ငြိမ်နေလိုက်၏။