ရန်ကျားလိ၏ အသက်ရှူသံများက မက်စ်အောက် နစ်မြှုပ်လို့သွားသည်။ သို့သော် ယဲ့ထင်​ဆိုလိုသည့် ကစားပွဲ အကြောင်းကိုတော့ နားမလည်ခဲ့ပေ။

ခုနစ်နာရီ ဆယ့်ငါးမိနစ်တွင် နောက်ဆုံးအကြိမ် ဆက်တင်ကို စစ်ဆေးလိုက်ပြီး ခုနစ်နာရီခွဲတွင် ညစာစားပွဲ တရားဝင် စတင်ခဲ့လေသည်။

မီးရောင်များ တဖြည်းဖြည်း ထွန်းလင်းလာပြီး မီဒီယာသမားများသည်လည်း ကင်မရာ မှန်ဘီလူးကို ပင်မဇာတ်ခုံ၏ လားရာကို ချိန်ထားကြသည်။ မရေတွက်နိုင်သော အင်တာနက် အသုံးပြုသူများသည်လည်း ဤအနုပညာရှင် ကြယ်ပွင့်များ စုဝေးနေသော ညစာစားပွဲအား တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှူကာ ဆွေးနွေးနေကြသည်။

ရန်ကျားလိမှာတော့ ထိုအရာများအပေါ် စိတ်ဝင်စားမှု နည်းပါးယုတ်လျော့နေပြီး ကျောက်ရှန့်ဟိုင် သူ့အားပေးခဲ့သည့် စာရွက်ပေါ်မှ နေ့စွဲကိုသာ စဥ်းစားနေသည်။ ထိုအကြောင်းကို တွေးမိလေလေ လက်ဖဝါးတစ်စုံမှာ စိမ့်ထွက်လာသော ချွေးစေးများဖြင့် စိုရွဲလာလေလေ ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

တစ်လျှောက်လုံး ရန်ကျားလိ၏ လက်ကိုသာ သေမတက် ဆုပ်ကိုင်ထားသော ယဲ့ထင်သည် ခေါင်းလှည့်လာပြီး စင်မြင့်ထက်မှ ထင်ဟပ်နေသော အလင်းရောင်၏ အကူအညီဖြင့် ဖျော့တော့နေသော မျက်နှာထားနှင့် ရန်ကျားလိကို ကြည့်လိုက်ရာ မျက်ဝန်းများက သိပ်သည်း နက်နဲသွားပြီး လေသံတိုးတိုးနှင့်

"လက်ဖဝါးက ဘာလို့အဲ့လောက်တောင် ချွေးတွေ ထွက်နေရတာလဲ၊ ဘာကို စိတ်လှုပ်ရှားနေတာလဲ"

ရန်ကျားလိသည် မိမိ၏လက်ကို အားနှင့် ဆွဲယူပြီး အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။

ယဲ့ထင်သည် ဆက်လက်၍ အမေးအမြန်း ပြုတော့မည့်အချိန်တွင် စင်မြင့်ထက်မှ တင်ဆက်သူက ဝမ်ယန်၏ နာမည်အား ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

ယဲ့ထင်သည် မျက်ခုံးပင့်သွားပြီး ရန်ကျားလိအား မေးချင်နေသည့် မေးခွန်းကို ဝမ်းဗိုက်ထဲ ပြန်လည်မျိုသိပ်လိုက်ကာ ရန်ကျားလိ၏ နားနားကပ်ပြောလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin