ကျောက်ရှန့်ဟိုင်သည် အရှေ့တန်းမှာ ထိုင်နေပြီး နံဘေးတွင်ရှိသော စီးပွားရေးလောကမှ ပုဂ္ဂိုလ်များအား ချိုသာသိမ်မွေ့သော အပြုံးမျိုး ပြုံးပြကာ ခေါင်းတညိတ်ညိတ်နှင့် အဆွေးအနွေး ပြုနေသည်။

ရန်ကျားလိက အကြည့်များကို ပြန်လည်ရုတ်သိမ်းမည် အပြုတွင် ယဲ့ထင်သည် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး မိမိမျက်စိရှေ့တွင် လက်ငါးချောင်းလုံးကို ဖြန့်လိုက်သည်။

ရန်ကျားလိမှာ ဘာကြောင့်ရယ်မသိ သူ့အား မျက်စောင်းထိုး ကြည့်လာသည်။

ယဲ့ထင်မှာ ပြုံးလိုက်မိပြီး ရန်ကျားလိ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ တစ်ဆက်တည်း သူ့လက်ကို မိမိလက်ဖဝါးပေါ် ထပ်လျက်တင်လိုက်သည်။ လက်ငါးချောင်းလုံးမှာ တစ်ချောင်းနှင့် တစ်ချောင်း အံဝင်ခွင်ကျ ဖြစ်လို့နေပြီး ယဲ့ထင်သည်လည်း လက်ချောင်းများကို ကွေးလိုက်ကာ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။

သူသည် ရန်ကျားလိအနား တိုးကပ်သွားပြီး ရန်ကျားလိ နားရွက်နားတွင် အလွန်အင်မတန်မှ နူးညံ့ညင်သာသည့် တိုးဖျော့ဖျော့ လေသံနှင့်

"ပေါင်ပေါင်း၊ မင်းကြည့်လေ။ ဒီမှာ လူတွေ ဒီလောက် ရှုပ်နေတာ၊ ကိုယ်မင်းရဲ့ လက်ကို သေသေချာချာ ကိုင်ထားမှဖြစ်မယ်။ တစ်စုံတစ်ယောက်ကို အခွင့်အရေးတွေ ပေးမနေချင်ဘူး။ မဟုတ်လို့ ကိုယ်မင်းကို ရှာမတွေ့တော့ဘူးဆိုရင်...အဲ့လူလည်း သေသင့်ပြီ"

ရန်ကျားလိ၏ ရင်ခုန်သံသည် ရုတ်ချည်း စီးချက်ပျက်သွားသလို ဖြစ်နေတော့သည်။

ယဲ့ထင်သည် အပြုံးမမည်သော အပြုံးမျိုး ပြုံးလိုက်ပြီး ဝတ်စုံအိတ်ကပ်ထဲမှ မက်စ်တစ်ခု ထုတ်လာကာ ရန်ကျားလိ မျက်နှာပေါ် တပ်ပေးလိုက်သည်။

"ခဏနေ ညစာစားပွဲစရင် ကင်မရာသမားတွေက မြင်ကွင်းကျယ် ရိုက်ကြတော့မှာ"

ယဲ့ထင်သည် ရန်ကျားလိ၏ ဆံနွယ်များကို ပွတ်သပ်လိုက်ပြီး

"မင်းကို မှတ်မိသွားကြရင် ဒုက္ခများမှာဆိုးလို့ မက်စ်တပ်ထား၊ ဒါဆို ကိုယ်တို့လည်း စိတ်အေးလက်အေးနဲ့ ကစားပွဲလေးတစ်ခု ကြည့်လို့ရသွားပြီ"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now