CTD - 10 (Zawgyi)

Start from the beginning
                                    

" ယုံပါ ရင်သို့ တိုးဝှေ့ဆဲပါ ခိုင်..."

" အသက် ဘယ်က ခိုင်လဲ"

" သီချင်းဆိုတာလေ"

" မင်း ဘယ်ကောင်မကို စိတ်ဆွဲပြီး ဆိုနေတာလဲလို့"

ညီက သူ့ကျက်လက်စ စာရွက်ကို ပစ်ချလိုက်ပြီး သူ့ကို လှည့်မေးသည်။ ညီတော့ စရစ်ပြီ။

" ဒီအတိုင်း အဲ့ဒါ သီချင်းစာသားလေ"

" သီချင်းတွေ အများကြီး ရှိလျက်နဲ့၊ ဘာလို့ အဲ့ဒီစာသားကိုမှ ရွေးဆိုတာလဲလို့"

" ကြိုက်လို့ပေါ့၊ ခိုင်ဆိုတဲ့ စာသားကို"

" ဘာ! အသက် မင်းမဟုတ်မှ သဲစုခိုင်ဆိုတဲ့ အစ်မသဲလစုကို ကြိုက်နေတာလား"

"ဟာ...ညီကလည်း ကိုယ်က သူ့ကို ကြိုက်စရာလား"

" အဲ့ဒါဆို ဘယ်က ခိုင်လဲ"

" ကဲ...ညီ မရစ်နဲ့၊ ဘယ်ခိုင်ကိုမှ မကြိုက်ဘူး၊ ညီမိုးယံကိုပဲ ကြိုက်တာ"

ညီ့မျက်ခုံးတွေက ပုံမှန်ထက် ပိုတွန့်ချိုးနေပြီး သူ့ကို စိုက်ကြည့်နေသည်။ ခဏနေတော့ ညီ သူ့စာသူ ပြန်ကျက်လေသည်။ ထိုအခါမှ ဒေါင်းသက်ညိုလည်း သက်ပြင်းချနိုင်ပြီး စာပြန်ကျက်ရသည်။

နောက်တစ်နေ့ စာမေးပွဲဖြေပြီး ဒေါင်းသက်ညိုက အရင်ထွက်လာသည်။ ဒေါင်းသက်ညို ထွက်သွားတာမြင်တော့ ညီမိုးယံကလည်း အမြန်လက်စသတ်၍ စာရွက်ပြန်အပ်လိုက်ပြီး အခန်းထဲမှ လိုက်ထွက်ခဲ့သည်။

" ညီ ဖြေနိုင်တယ်မလား"

" အင်း"

" အဲ့ဒါဆို ဘာလို့မျက်နှာကြီးက စူပုတ်နေတာလဲ၊ စိတ်ဆိုးနေတုန်းလား ဟမ်"

" မဆိုးပါဘူး"

မဆိုးဘူးသာပြောနေတာ မျက်နှာက မရွှင်မလန်းနှင့်မို့ ဒေါင်းသက်ညိုလည်း အကြံအိုက်နေသည်။

" ညီ နေမကောင်းလို့လား"

" မဟုတ်ပါဘူး"

ညီက အရှေ့တည့်တည့်ကိုသာ ကြည့်၍ ရပ်နေပြီး သူကတော့ ညီ့ကိုသာ ကြည့်ရင်း ပြုံးနေသည်။ အနီးအနားမှ ကောင်မလေးတွေကလည်း ညီ့ကို ဝိုင်းကြည့်နေကြ၍ ဒေါင်းသက်ညိုဟာ လွယ်အိတ်နှင့် ကာလိုက်ပြီး ညီ့ကို အဆောင်အောက်ထပ်ဆီ ဆွဲခေါ်သွားလိုက်သည်။

CTD [Completed]Where stories live. Discover now