အာဆာနိုက တကယ်ပင်ကြေကွဲဝမ်းနည်းနေပြီး ထထွက်သွားတော့သည်။

" အာဆာနို ကိုယ် ကိုယ်..ဘယ်အချိန်လာရမှာလဲ ''

အာဆာနိုရဲ့ တံခါးပေါက်နားရောက်ခါနီး ခြေလှမ်းတွေရပ်တန့်သွားရသည်။

" မနက်၈နာရီပါ အစ်ကို မအားရင်မလာပါနဲ့ ကျွန်တော့်ကို အားမနာနဲ့ ''

" ကိုယ် လာပါ့မယ် ''

အာဆာနို ထွက်သွားတာနဲ့ ဆူဇူကီက သက်ပြင်းချလိုက်သည် ။

ကိုယ့်ရဲ့အားနာစိတ်ကလေးကြောင့် မင်းကို ပိုပြီး မျှော်လင့်ချက်ပေးသလိုကြီး ဖြစ်နေလေမလား ကိုယ်စိုးရိမ်မိတယ် အာဆာနို

ခေါင်းကဆံပင်ကို ခပ်ကြမ်းကြမ်း ကုတ်ဆွဲဖွလိုက်ပြီး အပေါ်ထပ်က အိပ်ခန်းဆီ ဦးတည်လိုက်သည်။

..................

" ဗိုလ်ချုပ် ရှီဇုခု အိမ်မပြန်သေးဘဲ ဘာလုပ်နေတာလဲ ''

လက်အောက်ငယ်သားက ပြောလာတော့ ရှီဇုခုက နာရီကိုတစ်ချက်ကြည့်လိုက်သည်။ သစ်ပင်ကြီးအောက်မှာ ထိုင်နေရင်း ကားလေးတစ်စီး ဝင်အလာကို စောင့်နေမိပေမယ့် အခုတော့ ည၇နာရီတောင် ထိုးနေပြီ ။ ကားရဲ့အရိပ်အယောင်တောင်မမြင်ရသေးဘူး ။

" ဗိုလ်ချုပ် ''

" အင်း ငါပြန်တော့မယ် ''

ရှီဇုခုက ထရပ်လိုက်ပြီး သူ့ရဲ့ ကားရပ်ထားတဲ့နေရာဆီ လျှောက်သွားလိုက်သည် ။

ဒီအချိန်ထိ ဆူဇူကီနဲ့ လျှောက်လည်နေခဲ့တာလားကွာ ။

သက်ပြင်းတစ်ခုမှုတ်ထုတ်ကာ ကားကိုမောင်းနှင်ကာ အိမ်ပြန်ခဲ့သည်။

အိမ်ပြန်လမ်းက စိတ်ပျက်ဖို့ကောင်းအောင် ကြာရှည်လွန်းသည်။

" ကလေးရာ ကိုယ့်ကို မမြင်နိုင်ဘူးလား ဘာ့ကြောင့် ဆူဇူကီနဲ့ ရင်းနှီးနေရတာလဲ''

အိမ်ပြန်ရောက်တော့ လိပ်ကိုခဲဆွဲထားတဲ့​ခြေလှမ်းတွေနဲ့ အပေါ်ထပ်ကို တန်းတက်ခဲ့လိုက်သည်။

ဖေဖေ့ရဲ့စကားတွေလည်းမကြားချင်ယောင်ဆောင်ပစ်လိုက်တယ်။

Peculiarly System [Completed ]Where stories live. Discover now