ဆောင့်ကြီးအောင့်ကြီး ချသွားတဲ့ စကားအသံအဆုံး သူ ဟက်ဟက်ပက်ပက် ရယ်မိသည်။

ကျစ်ဆံမြီး‌ကို နှစ်ဖက်ခွဲကာ ချထားပြီး စကပ်ရှည်ရှည်ဖားဖားကြီးနဲ့ ဆူးက ကပိုကရိုနဲ့တောင် ပုရိသယောက်ျားတို့အတွက် အကြည့်မလွှဲချင်စဖွယ် ။

စာမေးပွဲမဖြေခင် ဦးနှောက်ဆေးရမယ်ဆိုတဲ့ အကြောင်းပြချက်ကြီးနှင့် ပိတ်ရက်လေးတောင် အိမ်မှာနေခွင့်မပေး။ သူသွားချင်သော နေရာတွေကို လိုက်ပို့ရပါမည်တဲ့ ။

"ဆူးရေ အစ်ကိုဒီမှာ "

သူလက်ပြလိုက်တော့ ဆူးကပါလက်ပြန်ပြသည်။

"ဆူး ဘယ်သွားချင်လို့လဲ "

သူမေးတော့ ဆူးကပြုံးရွှင်စွာ အဖြေပြန်ပေးလာသည်။

"ကိုရတုဆိုင်မှာ အရင်သွားစားမယ် ၊ ပြီးမှ အခြားနေရာကို သွားကြတာပေါ့ "

ဆူးအပြောကို ခေါင်းတဆက်ဆက်ညိတ်ပြကာ အဖြေပေးသူကြောင့် ဆူးနှုတ်ခမ်းတို့ တွန့်ကွေးကုန်ရသည်။

ဒီအစ်ကိုကြီးဟာလေ တကယ့်ကို Boyfriend Material Typeကြီးပင် ၊ သူဘာပြောပြော မငြီးမညူနဲ့ သူ့အလိုကိုလိုက်သည်။ ဒီအစ်ကိုကြီးရတဲ့သူကတော့ ဘုရားပေးတဲ့ဆုလာဘ်ထက်ပင် ကံကောင်းမည်မှာ သေချာ၏ ။

"ဆူးစာတွေရပြီလား "

"အေးဆေးပါ ဟဲဟဲ ကိုကြီးသင်ပေးထားတာဘဲလေ "

"အေးပါ အစ်ကိုစာမေးမှာနော် ဆူး ကိုးတန်းဆိုပေမဲ့ ပေါ့ပေါ့တန်တန်မလုပ်ရဘူး ကြားလား "

"Yes sir "

ဆူးက အလေးပြုတဲ့ပုံစံလုပ်ကာ ပြောင်စပ်စပ်လုပ်ပြ၏။

ညိမ်လည်း ဘာမှမပြောတော့ဘဲ နှစ်ယောက်သား စကားတပြောပြောနဲ့ပင် ကားမှတိုင်ဆီသို့သာ လျှောက်သွားလိုက်၏။

•••••••

Vanilla Restaurant

အရင်ကနာမည်သာ ရင်းနှီးရုံ ရင်းနှီးပြီး သိပ်ဝင်ထွက်လေ့မရှိသော ဆိုင်သည် ဆူးဒေဝီဆိုသော ကောင်မလေး၏ ခဏခဏ ခေါ်ဆောင်မှုနောက်တွင်တော့ အတော်လေးရင်းနှီးကာ ဆိုင်ရှင်နှင့်ပင် ခင်မင်နေပြီဖြစ်သည်။

Love Of My Life [Completed]Where stories live. Discover now