"ကျွန်တော် ဒီလိုလုပ်ဖို့စဉ်းစားပါသေးတယ်
ဒါပေမဲ့ သူနဲ့ကျွန်တော်က ...ဟင် "

ဖုန်းလေးက ဆွဲလုခံလိုက်ရပြီး ခပ်ဝေးဝေးပစ်ပေါက်ခံလိုက်ရတယ်။

"ရှောင်းကျန့် ..ခဗျားး ကျွန်တော့်ကို လိမ်တယ် "

*********************************

"ဘဏ်ထဲကငွေတွေအားလုံးကို ထုတ်သွားတယ် "

"မဖြစ်နိုင်တာ ...သူက ဒီလိုလုပ်မဲ့သူမျိုးမဟုတ်ဘူး"

"ငါလဲသိတယ် ဒါကြောင့် ငါမင်းကိုအရင်‌ဆုံးပြောပြတာ ၊ ငါ့အဖေသိသွားရင် မင်းအဖိုးပါသိသွားမယ်။အားလုံးပြသနာတက်ကုန်မှာ "

ရှောင်းကျန့်က ဦးငယ်ရဲ့ ဘဏ်ကငွေတွေအားလုံးကို ထုတ်သွားခဲ့သည်တဲ့။ ဝမ်ဇီရွှမ်းရဲ့ account ကငွေတွေကို ဆက်လက်ထိန်းသိမ်းထားခွင့်က ရှောင်းကျန့်စီမှာပဲရှိတာမို့ ငွေကိုထုတ်ခွင့်ရှိတာလဲသူတယောက်ပဲဖြစ်တယ်။ ရှောင်းကျန့်က ဒီလောက်များတဲ့ငွေတွေကိုထုတ်ယူပြီး ဘာလုပ်ချင်တာလဲ။

"သူကအစကတည်းက အကြံနဲ့ ငါတို့မိသားစုထဲဝင်လာခဲ့တာများလားကွာ "

"မဟုတ်တာတွေ လျောက်တွေးမနေနဲ့ ၊ သူသာအကြံသမားဆိုရင် မင်းကိုပဲငမ်းငမ်းတက်လိုက်ကပ်နေမှာပေါ့ ၊  မင်းကိုသာ ရရင် နောက် ၇ဘဝလောက် သူထိုင်စားနေရုံပဲလေ .....ရှောင်းကျန့်ကိုမင်း သေချာမေး ..သူတခုခုဖုံးကွယ်ထားတာသေချာတယ်"

"ငါမေးခဲ့တယ် ငါ့ကိုလိမ်ထားတာ ရှိလားလို့
သူမရှိဘူးပြောတယ် တောက် ! တွေးရင်းစောက်သည်းနာတယ်ကွာ ။ ငါချစ်မှန်းသိလို့ လှည့်စားနေတာ တွေ့မယ် "

"ရိပေါ် ! "

စိတ်တိုတိုနဲ့ ‌အိပ်ခန်းထဲဝင်လာတော့ ရှောင်းကျန့်က ဖုန်းတောင်ပြောနေလိုက်သေးတယ်။ လစ်တာနဲ့ ဘယ်လင်ကိုဆက်သွယ်ဖို့ကြိုးစားနေတာလဲ ။

ဒုန်း ~~~~

"ရှောင်းကျန့် ..ခဗျားး ကျွန်တော့်ကို လိမ်တယ် "

"ပြော ... ခဗျား ဘာတွေခိုးလုပ်နေသလဲ
တခုမကျန်ပြော ၊ ဦးငယ်ရဲ့ ငွေတွေ ခဗျား ဘာသုံးလိုက်သလဲ ဖြေလေ ၊ ခဗျားကို ရိုးသားမယ်လို့ထင်ခဲ့တာ ရုပ်လေးနဲ့မှ့မလိုက် အကျင့်စာရိတ္တက ပုပ်သိုးပြီးပျက်စီးနေတာပဲ "

My Ugly Omega Mate (Completed)Dove le storie prendono vita. Scoprilo ora