CTD - 8 (Unicode)

Start from the beginning
                                    

" ဘယ်ကောင်မကို feel တာလဲ"

" ဒေါ်သက်ညိုဆိုတဲ့ အဖွားကြီးကို"

" ဒီကောင်တော့!"

( ဖုန်း! ဖုန်း!)

" အာ့ အာ့!"

စာအုပ်ကို လိပ်၍ ကျောကုန်းအား သုံးလေးချက်လောက် ဆော်လိုက်တော့မှ တဟားဟား ရယ်ပြီး ငြိမ်သွားတော့သည်။

" ညီ...မင်းနော် ရှုပ်ရှုပ်ယှက်ယှက် မလုပ်နဲ့"

" ဘာလုပ်လို့လဲ"

" စောန ကဗျာက ဘယ်သူ့ကို ရည်ညွှန်းတာလဲ"

ညီမိုးယံလည်း အသက်ကို ကြည့်ပြီး ရယ်ချင်လာသည်။ အသက်က သိလျက်နှင့် တမင်ရစ်နေတာ။ ထို့ကြောင့် အသက်၏ခါးလေးကို ဖက်လိုက်ပြီး ပခုံးပေါ်သို့ မေးတင်၍

" အသက်ကိုပဲ​ ရည်ညွှန်းတာလေ၊ မောင့်မှာ အသက်အပြင် တခြားလူ ရှိသေးလို့လား"

ထိုအခါမှ ဒေါင်းသက်ညိုဟာ မချိုမချဥ် ပြုံးလိုက်ပြီး ညီ့နဖူးလေးထံ ငုံ့နမ်းလိုက်သည်။

" အမလေးတော်...ကိုယ့်ထမင်း ကိုယ်စားပြီး rs တွေ ro တာ ထိုင်ကြည့်နေရပါတယ်၊ ဗိုလ်ချုပ်ရေ...ထကြည့်ပါဦး"

အခန်းထဲရှိ ကောင်မလေးတွေကလည်း အော်ကုန်ကြပြီ။ ရိန်းနှင့် ဒေါင်းကတော့ မည်သူ့ကိုမှ ဂရုမစိုက်။ ကောင်လေးမျက်နှာ တစ်ကမ္ဘာ ထင်ပြီး စာသင်ခန်းထဲ၌ အဝ သောင်းကျန်းနေသည်။ တစ်ခါတလေ ခုံတွေ ကျိုးသည်အထိ အချင်းချင်း စနောက်ကြသည်။ ကျီစားလွန်းသည့်ဒီအတွဲကို အခန်းထဲရှိ ကောင်မလေးများမှာလည်း အခန်းအပြင်သို့သာ ထုတ်ထားလိုက်ချင်တော့သည်။

/~/

စာမေးပွဲကလည်း နီးနေပြီမို့ ညီမိုးယံနှင့်ဒေါင်းသက်ညိုတို့ဟာ အဆောင်ပြန်ရောက်သည်နှင့် အရင်လို မကဲတော့ဘဲ စာ သေချာကျက်ကြသည်။

" ညီ ဒီအပုဒ်က ကိုယ်မကြိုက်ဘူး၊ ပယ်ကွာ"

" အင်း မောင်လည်း မကြိုက်ဘူး၊ မမေးလောက်ပါဘူးနော်၊ ကြာတယ်၊ ကြာတယ်၊ ပယ်သွား"

" ဒီအပုဒ်ကလည်း ဒုတိယတစ်ခေါက် Tuto ဖြေတုန်းက မေးထားတယ်မလား၊ ဆရာမ ထပ်မထည့်လောက်တော့ပါဘူး၊ ကျက်မနေနဲ့"

CTD [Completed]Where stories live. Discover now