Zaw Gyi ♡︎

170 15 0
                                    

ဒီနေ့သည် နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်။ ညိုမင်းအိမ် တစ်ယောက်ခြံထဲကပိတောက်ပင်ကြီးပေါ်တက်၍ ပိတောက်ပန်းတွေကို စိတ်ကြိုက်ခူးယူနေသည်။ နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း ပိတောက်ပန်းကို ကိုယ်တိုင်ခူး၍ ဘုရားကပ်လေ့ရှိသည်။ လက်ထဲဝယ် ပိတောက်ပန်းတွေအပြည့်ပိုက်၍ ညိုမင်းအိမ် ဘုရားစင်ကိုသွားကာ ဘုရားပန်းအိုးတွေအပြည့် ပိတောက်ပန်းတွေကပ်ပြီး ပူဇော်ထားသည်။

ပန်းပိတောက်ဆိုသည်မှာ တစ်နှစ်မှာတစ်လ တစ်လတွင်တစ်ရက်သာပွင့်သော ပန်းဟုရှေးမြန်မာလူကြီးများက တင်စားခေါ်ဝေါ်ကြသည်။ ပန်းပိတောက်များသည် တစ်နှစ်ပတ်လုံး၌တစ်ခါသာ မြန်မာ့ရိုးရာသကြင်္န် ရေကစားပွဲ‌တော်ကာလတွင်သာ ပွင့်ကြသည်။ ပန်း‌ပေါင်းစုံတို့ထဲတွင် သစ္စာအရှိဆုံးပန်း ပင်ဖြစ်သည်။

ဘုရားပန်းကပ်ပြီးသည်နှင့် အောက်ထပ်ကိုဆင်းလာကာ ရွှေဆံထိုးလေးထိုးထားသော မိခင်ဖြစ်သူ၏ ပိတုန်းရောင်ဆံကေသာပေါ်တွင် ပိတောက်ပန်းခိုင်လေးကို အသာလေးပန်ဆင်ပေးလိုက်သည်။

" ပိတောက်ပန်းလေးက မွှေးနေတာပဲကွယ် "

မေမေက ဟင်းချက်နေရင်း ပြုံး၍ ပြောလိုက်သည်။ မေမေနှင့်ပိတောက်ပန်းသည် သိပ်လိုက်သည်။ မေမေ့ကို နှစ်တိုင်းပိတောက်ပန်းပန်ပေး‌ရသည်။ မေမေသည် နှစ်တိုင်း ညိုမင်းအိမ် ကိုယ်တိုင် ပန်ပေးမှသာ ပန်လေ့ရှိသည်။ မေ‌မေပိတောက်ပန်းကို အလွန်နှစ်သက်သည်ကို ညိုမင်းအိမ် သိလေသည်။ သူ ပိတောက်ပန်းကို မြတ်နိုးရချင်းမှာလည်း မေမေ့ဆီကရသောအမွေပင်ဖြစ်မည်။ ဖေဖေနှင့်သမီးရည်းစားဘ၀ကတည်းက ဖေဖေသည် နှစ်တိုင်းမေမေ့ကို ပိတောက်ပန်းပန်ပေးလေ့ရှိသည်။ ညိုမင်းအိမ် မွေးပြီးနောက်ပိုင်းမှာတော့ မေမေကဖေဖေ့အစား သူ့ကိုသာ ပန်ခိုင်းလေတော့သည်။ မေမေပိတောက်ပန်း‌‌ပန်ပြီး ပြုံးနေတဲ့အခိုက်အတန့်ဟာ ညိုမင်းအိမ် အတွက်ကမ္ဘာပေါ်တွင် အလှပဆုံး အချိန်ပင်ဖြစ်ပေမည်။

ဖေဖေသည် ဧည့်ခန်းထဲတွင်ထိုင်နေရာကနေမီးဖိုချောင်ထဲဝင်လာကာ သားအမိနှစ်ယောက်ကို ကြည့်ရင်း ပြုံးနေလေသည်။တစ်ခုခုပျော်စရာရှိ၍ ဖြစ်မည်။ သာမန်ထက်ပို၍ထူးခြားသော အပြုံးတစ်ခုကို ဖေဖေ့မျက်နှာပေါ်တွင် တွေ့နေရသည်။

ချယ်ရီကိုသာပန်ပါကွယ် { One Shot }Where stories live. Discover now