အခန်း(၈)

Start from the beginning
                                    

လုရှန်းကျင်အတွင် ထုတ်လွှတ်လိုက်တဲ့ ဟော်လ်မုန်းတွေက ညင်သာမှု ၊ ကာကွယ်ပေးမှု ' ဟူသည့် စိတ်ခံစားချက်တို့ မပါရှိနေတာကြောင့် သူ့ကို ပင်ပန်းစေသည်

ပိရမစ်၏ ထိပ်ဆုံးတွင် ရပ်နေသည့် အိုမီဂါက အယ်လ်ဖာ၏ရောက်ရှိနိုင်မှု ကန့်သတ်ချက်ကို ကျော်လွန်၍ တတိယအဆင့် ကွဲပြားနိုင်သော ပထမတန်းကလင်းကို ပိုင်ဆိုင်ထားသည်။ သူက GTR ကားနှစ်စီးကိုလည်း လက်ဗလာနှင့် တားဆီးပိတ်ပင်နိုင်ပြီး ဟယ်လီကော်ပတာ၏ ကျည်ကာမှန်နှစ်ထပ်ကိုလည်း လက်ဗလာဖြင့်ပင် ဖျက်ဆီးပစ်နိုင်သည်။

ထိုကဲ့သို့ တစ်သန်းတွင်တစ်ယောက်သာရှိနိုင်သော အိုမီဂါက လုရှန်းကျင်ထံမှာ သနားဖွယ်ကောင်းအောင် ကပ်တွယ်နေခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်သော အချိန်တို့ ကုန်လွန်စေခဲ့သည်။

လုရှန်းကျင်က ဈေးကြီးလွန်းသည့် လက်ထပ်လက်စွပ်တို့ကို ဝယ်လာပြီး ဒူးတစ်ဖက်ထောက်ကာ ယန်ယိလက်ထံ ဝတ်ပေးခဲ့တာကြောင့် ဒါကို လက်ထပ်ခြင်း' လို့ ယန်ယိအထင်မှားခဲ့မိပုံပေါ်သည်။

ကလင်းတွင်ဖြစ်ပေါ်စေခဲ့သည့် အမှတ်အသားက အဖျက်ခံလိုက်ရပြီး သူတို့ကြားမှာ ပေါင်းစည်းထားခြင်းဆိုတာ နည်းနည်းပင် မရှိတော့။ ဒါကို လုရှန်းကျင်က လမ်းခွဲခြင်း' လို့ တွေးခဲ့ပြီး ယန်ယိအတွက်တော့ မိသားစုတစ်ခုပြိုကွဲခဲ့ရပြီး .... ဆယ်နှစ်ထက်မကနေလာခဲ့တဲ့ နေရာလေးမှာ သူ့အတွက်နေရာဆိုတာ မရှိတော့သလို ဖြစ်ခဲ့ရသည်။

ခံစားချက်တွေက ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေမှာ ဝယ်ယူခဲ့တဲ့ သွားတိုက်ဆေးဗူးလိုပင်။

ဝယ်လာပြီးနောက် ပထမဦးဆုံးအကြိမ်အသုံးပြုခြင်း၌ နှမျောစရာကောင်းလို့ ပြန်ပြီးထည့်ချင်မိသည်အထိ တစ်ခါဖိရုံလေးနှင့် သွားတိုက်ဆေးအများကြီးထွက်လာအောင် လုပ်ခဲ့သည်။ ကျွန်တော်အများကြီး အသုံးပြုခဲ့သည်။ ပဲစေ့လောက်လေးသော သွားတိုက်ဆေးတို့ထွက်လာစေဖို့ သွားတိုက်ဆေးဗူးကို ခေါက်ကာ၊ လိမ့်ကာ သေးသေးလေးဖြစ်သွားသည်အထိကို ပြုလုပ်ခဲ့သည်။ သိပ်ကိုပင်ပန်းစရာကောင်းပေမယ့် နောက်ဆုံးအချိန်ထိ မပစ်ထုတ်နိုင်ခဲ့ဘဲ ဆက်ပြီးတော့ ညှစ်ထုတ်နေခဲ့သည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now