"ဒါပေမယ့်... အဲ့အစား ကျုပ်သာ ခင်ဗျားကို သတ်နိုင်ခဲ့ရင် ဒီလိုရုပ်ဆိုးပန်းဆိုးပုံကို ဖယ်ထုတ်ပြီး ကျုပ်ရုပ်ရည်ကို ပြန်ယူမှာ"

"ခင်ဗျားရဲ့ရှစ်ရှုန်း အပြည့်အဝပြန်ရှင်လာနိုင်ဖို့ ကျုပ်အသည်းနှလုံးကိုလိုသလို ကျုပ်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ခင်ဗျားရဲ့အသည်းနှလုံးကိုလိုတယ်"

လူနှစ်ယောက် နောက်တစ်ကြိမ် လူချင်းခွာလိုက်ကြပြန်တယ်။

နှစ်ယောက်စလုံးရဲ့ ကုသနိုင်စွမ်းက အရှိန်မြန်တဲ့အတွက် ထိခိုက်တာတွေကို သူတို့အဝတ်အစားတွေကနေသာ အကဲဖြတ်လို့ရတယ်။ ထိုလူ့ရဲ့အဝတ်အစားတွေက အခုဆိုစုတ်ပြတ်နေပြီး ဝမ်ဖုန်းကျင်ကတော့ သူ့ရဲ့ညာလက်မောင်း၊ ပုခုံးနဲ့ ခါးနေရာတွေမှာ ပြတ်ရှရာတွေ ရှိတယ်။

"ဖုန်းကျင်!" ဝမ်ရှောင်းမျယ် စိုးရိမ်တကြီးရဲ့ သူ့ရဲ့ခိုင်မင်းကို ထုတ်လိုက်တယ်။

"စိတ်မပူပါနဲ့" ဝမ်ဖုန်းကျင် သူ့ကိုကြည့်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ ထို့နောက် ရှေ့မှာရှိတဲ့လူဘက်ကို လှည့်ကာ "မင်း ငါ့ကို အနိုင်ယူလို့ရမှာမဟုတ်ဘူး၊ ယန်ချွမ်း... မင်းကို ငါသတ်လို့ရအောင် မင်းက ဒီရောက်လာပေးတာပဲ!"

"ဟားဟား အဲ့လိုထင်တယ်လား? ဝမ်ဖုန်းကျင်၊ အရင်တုန်းက ခင်ဗျား ကျုပ်ကို လှည့်စားပြီး ထာဝရရှင်သန်ခြင်းပြဒါးလုံးကို ပေးပစ်ခဲ့တယ်၊ ဒီနှစ်ပေါင်းထောင်ချီအတွင်းမှာ စုပေါင်းစပ်ပေါင်းအစွမ်းကို သည်းခံရင်း အသက်ရှင်အောင် မနေနိုင်ခင် ဘယ်လိုတွေ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ သိရဲ့လား? ကျုပ် ဘယ်လိုမကောင်းဆိုးဝါးအဖြစ် ပြောင်းသွားခဲ့ရလဲ?"

"ကျွတ် ကျွတ် ကျွတ် နောက်ဆုံးတော့ ခင်ဗျား ကျုပ်နာမည်ကို မှတ်မိပြီပေါ့" ယန်ချွမ်းက သူ့ရဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့မျက်နှာကိုကိုင်ကာ သရော်လိုက်တယ် "ခင်ဗျားရဲ့အရင်'ဇနီး'အပေါ် ဘယ်လိုလုပ်ပြီး အေးစက်နိုင်ရတာလဲ? အိုး? ခင်ဗျားရဲ့ရှစ်ရှုန်းကို ကျုပ်တို့ရဲ့ဆက်ဆံရေးက ဘာဆိုတာ မပြောခဲ့ဘူးလား?"

"..."

ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးတွေ ပြူးထွက်ကုန်တော့တယ် "ဘာဖြစ်တယ် ဇနီး?! ဟ?"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now