{Unicode}
"မောင် ကိုယ်တို့လမ်းခွဲရအောင်"
ကိုကို့ဆီကစာအဝင်မို့အပြေးအလွှားသွားဖတ်မိတဲ့မောင့်ရင်ဝဟာအကန်ခံလိုက်ရသလိုပါပဲကိုကို။
ချက်ချင်းပဲကိုကို့ဆီဖုန်းဆက်တော့ နှစ်ခါမြောက်မှကိုကိုဖုန်းကိုင်တယ်။
" ကိုကို မောင့်ကိုမနောက်ပါနဲ့ ကိုကိုစိတ်ညစ်လို့လား မောင့်ကိုပြောပြလေ နားထောင်ပေးမယ်"
" ငါ့ပုံကနောက်နေတယ်နဲ့တူနေလို့လား ငါမင်းနဲ့အခုအချိန်အထိကစားပေးခဲ့ပြီးသွားပြီ ငါ့ကိုလက်လွှတ်ပေးပါတော့"
ကိုကိုကနာကျည်းစရာပြောနေပေမဲ့ မောင်သိတယ် ကိုကို့အသံတွေထဲမှာနာကျင်မှုတွေကရောထွေးနေတယ်။
" မဟုတ်တာကိုကိုရယ် မောင်က ကိုကိုမရှိရင်မနေတတ်တာသိရဲ့နဲ့ အဲ့လိုမလုပ်ပါနဲ့လား"
" တော်လောက်ပြီ အဲ့တာတွေငါစိတ်ကုန်တာ နေ့နေ့ညညငါ့ကိုပဲကပ်နေတာ ငါလည်းလူပဲ တစ်ယောက်ထဲနေချင်တဲ့အချိန်ရှိတာပဲ တအားစိတ်ရှုပ်ဖို့ကောင်းတာသိလား"
" ကိုကိုတစ်ယောက်ထဲနေချင်ရင်ရပါတယ် အချိန်ကြိုက်သလောက်ယူ မောင်ဝေးဝေးမှာနေပေးမယ် အပြီးတော့မဟုတ်ဘူးလေနော် ကိုကို မောင့်ကိုထားမသွားပါနဲ့"
မောင်ဖုန်းကိုကိုင်ထားတဲ့လက်ဟာတုန်ယင်နေပြီးမျက်ရည်ဟာလည်းအထိန်းအကွပ်မရှိ၊ ထားမသွားဖို့အရေးတောင်းပန်ခဲ့တာကိုကိုဆိုတဲ့လူတစ်ယောက်ပဲရှိတာကိုကိုမသိလေဘူးလား။
ကိုကိုကဆဲဆိုပြီးတော့ဖုန်းကိုဆတ်ခနဲချသွားတယ် ပြန်ခေါ်တော့လည်းစက်ပိတ်သွားခဲ့ပြီ။ မောင်ဘာတွေမှားခဲ့လဲကိုကို..။
ကိုကိုသိလား မောင်တို့ရဲ့ဆက်ဆံရေးကိုမောင်ကိုယ်တိုင်ဖန်တီးခဲ့တာမဟုတ်ဘူး။ ကိုကိုကမောင့်ရဲ့ဘဝထဲကိုဝင်လာခဲ့တာ။ အဲ့တုန်းကလေ.. မောင်တစ်ယောက်ထဲအမှောင်ထဲမှာလမ်းပျောက်နေတုန်း ကိုကိုကိုယ်တိုင်ပဲလက်ကမ်းပေးခဲ့တာလေ။ ကိုကိုကပဲနွေးထွေးမှုဆိုတာကိုသင်ပေးခဲ့တာ။
မျက်ရည်ကျရအောင်ချစ်တယ်ဆိုတာပျော်ရွှင်မှုနဲ့အဆုံးသတ်မယ်ထင်ထားတာကိုကို။ မျက်ရည်ကျရတာနာကျင်ပါရဲ့။ ကိုကိုပြန်လာဦးမှာမလား..။
