သူပျင်းတဲ့အခါ Weibo ထဲဝင်ပြီး သတင်းတွေကြည့်နေတတ်သည်။ ယန်ယိရဲ့အကောင့်ထဲမှာ နာမည်ကြီးတဲ့သူတွေအများကြီး follow လုပ်ထားပြီး သူတို့ထဲက အများစုနဲ့တွေ့ဆုံဖူးပေမယ့် ရင်းနှီးမှုတော့ မရှိချေ။

ထိုအကြောင်းကို ခနမျှတွေးတောမိရင်း ရုတ်တရက်သတိရသွားသည့် တစ်စုံတစ်ခုကြောင့် ယန်ယိက ရှာဖွေသည့်နေရာတွင် ယွမ်မိရဲ့နာမည်ကို ရိုက်နှိပ်လိုက်သည်

သန်းနှင့်ချီသောဖန်တို့က အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အကြောင်းအရာပေါင်းရာကျော်ကို Weibo တွင်ပြန်လည်တင်ကြသည်။

'သိပ်ကို တက်ကြွနေတဲ့ ကြက်ဖများပင်'

နောက်ဆုံးတင်ထားသော သတင်း၌ ယွမ်မိ ဆေးရုံကဆင်းသွားပြီဆိုသည့်အကြောင်းကို ဖော်ပြထားသည်။ ထို့နောက် အရင်သတင်းထောက်တွေရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကို ပြန်ရှယ်ပေးထားသည်။ ယန်ယိက ထိုဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်။ ဗီဒီယိုထဲ၌ ယွမ်မိက ဆယ်မှတ်နှုန်းဖြင့်တွက်လျှင် သုံးမှတ်သာ အားနည်းပြီး ကျန်ခုနစ်မှတ်က သန်မာကြောင်းဖော်ပြနေသည်။ သူ့ရဲ့ မေမေဖန်တွေက စိတ်ပူပန်စွာ ငိုကြွေးနေကြသည်မှာ .... မနာလိုဘဲနှင့်ကို မနေနိုင်သည်အထိ။

ထပ်ပြီးဖွင့်ကြည့်လိုက်သည်က ယွမ်မိရဲ့ variety show တစ်ခုဖြစ်ပြီး ထိုဗီဒီယိုထဲတွင်လည်း လှပကြော့ရှင်းသော ငွေကြယ်ပွင့်တွေက အစီအစဉ်တင်ဆက်သူနှင့် စကားတွေပြောကာ ရယ်မောနေကြသည်။ ယွမ်မိကလည်း တစ်ခါတစ်ရံ၌ စကားဝင်ပြောပြီး သူပြောလိုက်သည့် စကားလုံးတိုင်းက နူးညံ့ဖော်ရွေနေကာ ဟာသလည်းမြောက်ပေသည်။

ယန်ယိက ယွမ်မိကိုကြည့်နေရင်း သူ့ကိုယ်သူပြန်ပြီးတွေးကြည့်လိုက်သည်။ သူက ငါးကန်ထဲမှာရှိနေတဲ့ တစ်ကောင်တည်းသော ငါးလိုပင်။ မှန်သားတစ်ထပ်ဖြင့် အပြင်ဘက်ကမ္ဘာကြီးဆီကနေ ကာရံပိုင်းခြားထားခြင်းခံနေရပြီး သူငယ်ချင်းဆိုတာ မရှိ၊ ပေါင်းသင်းဆက်ဆံရေးဆိုတာ မရှိဘဲ ... သူ့ရဲကမ္ဘာထဲမှာ လုရှန်းကျင်တစ်ယောက်တည်းသာ ရှိနေခဲ့သည်။

'နှစ်သက်သဘောကျခြင်း ခံရတာနဲ့ နှစ်သက်ရန် ဆန္ဒရှိခြင်းက ဘာတွေနဲ့များ တူနေမလဲ။'

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Место, где живут истории. Откройте их для себя