"ခဏလေးပဲ လာတာ နေမှာပါ ၊ ထပါဗျ "

"Morning kissလေး ပေးဖူးတယ်ရှိအောင် ပေးကြည့်ပါလား "

လောင်းရိပ်က အိပ်ယာပေါ်မှ ထိုင်လျက်ပင် နှူတ်ခမ်းကို စူပြလေတော့...

"သွားမတိုက်ရသေးဘူးလေ ဦးရိပ်က "

"ခုမှ အသန့်ကြိုက်နေတယ်ပေါ့လေ "

"အစကတည်းက ကြိုက်တာပါ "

"ကိုယ့်ကိုလား "

"မဟုတ်ပါဘူး အသန့်ကိုပါ "

"အဲ့ အသန့်ကို မနာလိုသွားပြီ "

"ကဲပါ ထပါတော့ဗျာ "

"ဟုတ်ကဲ့ ထပါပြီဗျာ "

ပြွတ်!

မောင် မပေးလည်း.လောင်းရိပ် ပေးမည်လေ ။ အိပ်ယာပေါ်မှ ထလာကာ မောင် မတ်တတ်ရပ်နေသည့် နားသို့ ကပ်လိုက်ပြီး မောင့်နှုတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်ပစ်လိုက်ပါသည် ။
ရုတ်တရတ် မောင့်မှာ ရှောင်ချိန်တောင် မရလိုက်...
လောင်းရိပ်ကတော့ ရေချိုးခန်းထဲသို့ ဝင်သွားပါတော့သည် ။

....

"ဦးလေး ခဏစောင့်ပါဗျ ဦးရိပ်က ခဏနေ ထွက်လာတော့မှာပါ "

ထိုလူကြီး ရှေ့သို့ ကော်ဖီခွက်ကို ချပေးရင်း မျက်နှာချင်းဆိုင်တွေ ဝင်ထိုင်လိုက်ပါသည် ။

"သုံးဆောင် ပါဦး "

"ကေျးဇူးပါပဲ ဦးရဲ့ နာမည်က ဦးကျော်နိုင်ပါ မောင်လောင်းရိပ်ရဲ့ အဖေ ဦးခင်မောင်ရင်ရဲ့ ရှေ့နေကြီးပါကွဲ့ "

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ ဦးလေးရဲ့ အကြောင်းကို ကျွန်တော် နည်းနည်းတော့ ကြားဖူးပါတယ် "

"ဒါနဲ့ မောင်ရင်က...."

"ကျွန်တော်က ဦးရိပ်ရဲ့.. အ..အမျိုးသားပါဗျ "

"မောင် ဆိုတဲ့ ​ကောင်လေးလား "

"ဟုတ်ပါတယ်ဗျ "

ဦးကျော်နိုင်က မောင်၏ အဖြေစကားအသံအပြီး ခေါင်းကို ဖြေးညင်းစွာ ညိမ့်ရင်း အသိအမှတ် ပြုသည့်ဟန် ပြသည် ။ ဦးကျော်နိုင်၏ မျက်လုံးထဲမှာတော့ အားနာသည့် အခက်အခဲ ဖြစ်နေသည့် အရိပ်အယောင်များကို မောင် တွေ့နေရသည် ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now