"ဒီကောင်လေး ဘယ်လိုလုပ်ပြီးတော့များ ဒီလိုဟန်ဆောင်နေရဲတာလဲ ၊ ဘယ်လိုသတ္တိမျိုးနဲ့များ "

ဝမ်ဒေါ်လေးက မကျေမနပ်ရေရွတ်ပေမဲ့ ရိပေါ်ရဲ့အမေ ချင်ရိဟွားကတော့ ရှောင်းကျန့်ရဲ့အခြေအနေကိုနားလည်တယ်။

"သူ့နေရာမှာ ဘယ်သူမဆို ဒီလိုပဲလုပ်မိမှာပဲ
လေ၊သူဒီလောက်လှတာ မဖုံးကွယ်ထားရင် လူတိုင်းရဲ့ပစ်မှတ်ဖြစ်သွားမှာပေါ့။ ဒီညအဖြစ်ကိုပဲကြည့်လေ ၊ ကျန်တဲ့ Alpha တွေသာ နောက်မဆုတ်ခဲ့ရင် ဒီညက
သွေးချောင်းစီး လူသတ်ပွဲပဲ "

"ဒါတော့မှန်တယ် ၊ ဒါပေမဲ့နောက်နောင် အတွက် စိုးရိမ်စရာတော့မရှိတော့ပါဘူး။ မြေးကြီးက ဒီကလေးကို သူ့ရဲ့ mate အဖြစ် တရားဝင်သတ်မှတ်လိုက်ပြီပဲလေ။ သူကို ဘယ်သူကမှ နှောင့်ယှက်လို့မရတော့ဘူး ။ ကလေးတွေကို လက်ထပ်ပေးဖို့ပဲ အမြန်ဆုံးစီစဉ်ကြတာပေါ့ "

ဒီအချိန်မှာ အိမ်ရဲ့အလုပ်သမားတွေတောင် ဝမ်ရိပေါ်ရှိတဲ့အပေါ်ဆုံးထပ်ကိုသန့်ရှင်းရေးလုပ်ဖို့ မသွားရဲကြဘူး။ အားလုံးက ဝမ်ရိပေါ် စိတ်တည်ငြိမ်လာမဲ့အချိန်ကိုစောင့်ကြည့်ဖို့‌ပဲဆုံးဖြတ်လိုက်ကြတယ်။

************************************

ဝမ်ရိပေါ်နိုးလာတော့ သူ့ရင်ခွင်ထဲမှာ အကောင်လေးလိုတိုးဝင်နေတဲ့ ရေမွှေးလုံးလေး တလုံးရှိနေတယ်။ အချိန်က မနက်၈နာရီရှိနေပြီ။ ရှောင်းကျန့်က အခုထိနိုးမလာသေးဘူး။ ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေက ပုံမှန်အနေအထား ပြန်ဖြစ်သွားပြီဖြစ်တယ်။ သူက ရှောင်းကျန့်ရဲ့မျက်နှာတခုလုံးကို သေချာတစိမ့်စိမ့်ထိုင်ကြည့်တယ်။ သိပ်လှတဲ့မျက်ဝန်းတွေက သတိမေ့နေတာကြောင့်မမြင်ရဘူး။ ဒီမျက်ဝန်းတွေပုန်းကွယ်နေတဲ့အချိန်မှာ ရှောင်းကျန့်ရဲ့မျက်နှာက သူ့အတွက်စိမ်းသက်နေခဲ့တယ် ။ အရာအားလုံးက အလိမ်တွေချည်းပဲ ။ သူအလိမ်ခံခဲ့ရတာ .....သူ့လို အားကြီးတဲ့ Alpha တယောက်ကို ဒီရှည်မျောမျော အဖြူကောင်လေးက လိမ်ရဲတယ်ပေါ့...

သူ့မှာတော့ ချစ်လိုက်ရတာ...တန်ဖိုးထားမြတ်နိုးလိုက်ရတာ ...ဖြူစင်တဲ့ ဝတုတ်လေးဆိုပြီး သနားအကြင်နာပိုခဲ့ရတာ။

My Ugly Omega Mate (Completed)Where stories live. Discover now