အခန်း (၆)

Start from the beginning
                                    

"မောင် မမလေ မေမေတို့အိမ်ရောက်နေတာ မေမေကလည်း နည်းနည်းနေမကောင်းချင်ဘူး အဲ့ဒါဒီည ဒီမှာပဲအိပ်လိုက်တော့မယ်"

မောင်ဘက်ကနည်းနည်းအသံတိတ်သွားတော့ မြတ်လေး အားနာမိသလို မောင့်ကိုလည်းသနားမိသည်။

"အင်း ရပါတယ် အန်တီကအရမ်းနေမကောင်းဖြစ်နေတာလား"

"အဲ့လိုလဲမဟုတ်ဘူး မောင်ရယ် အဓိကကတော့ စိတ်ပေါ့ အစားအသောက်မရှောင်တာတွေရောဆိုတော့ ရောဂါအခံတွေကပြန်ပြန်ဖြစ်တာပေါ့"

"အင်း ဟုတ်ပါပြီ မမလည်း ကိုယ့်ဘာသာဂရုစိုက်ဦး တစ်ခုခုဆိုလည်းမောင့်ကိုပြောလေနော်"

"ကျေးဇူးတင်တယ်နော် မောင်"

"လိုလို့လား မမကလည်း မောင်တင်းနစ်ကွင်းရောက်နေလို့ ညကျမှမောင်ပြန်ဆက်လိုက်မယ်နော်"

"အင်း ချစ်တယ်နော် မောင်"

"အင်းချစ်တယ်"

ဖုန်းချသွားတော့ မြတ်လေးပြုံးမိသည်။ မောင်ကအစထဲက မြတ်လေးကိုအရမ်းအလိုလိုက်သလို အစစအရာရာ မြတ်လေးသဘောသာ။

အရမ်းအလုပ်ရှုပ်သောမောင်နှင့် မြတ်လေးတို့ဟာ အတူတူနေချင်လို့မှ အိမ်ခွဲကာအတူတူနေကြသော်လည်း တွေ့ရသည့်အချိန်ကရှားနေပြန်သည်။ မိသားစုကိစ္စ ဆေးရုံဆေးခန်းကိစ္စတွေနှင့်အလုပ်ရှုပ်ရသလို မောင်ကလည်း သူ့အလုပ်တွေနှင့်ခရီးထွက်ရ အိမ်မကပ်ရတော့ အတူတူနေရချိန်ဟာရှားပါးသည်။

"မမရေ ငါဝင်လာပြီနော်"

အခန်းတံခါးဝကညီမဖြစ်သူရဲ့အော်သံကြောင့်

"ဝင်ခဲ့လေ ငါလော့မချထားဘူး"

"ဘယ်လိုလဲ မောင့်ကိုသံတော်ဦးတင်ပြီးပြီလား"

အခန်းထဲဝင်လာပြီးပြုံးစိစိနဲ့မေးလေတော့ မျက်စောင်းနုနုထိုးလိုက်မိသည်။

"မောင်နဲ့ခွဲနေရတော့ ငါ့အစ်မပျင်းနေမှာစိုးလို့ပါ ဘာတဲ့လဲမောင်က"

"မောင်ကအခု သူ့မိတ်ဆွေတွေနဲ့ တင်းနစ်ကစားနေတယ်လေ နင်ဘာလို့အရမ်းစပ်စုနေရတာလဲ သူများအကြောင်းကို"

Dandelion Where stories live. Discover now