Intro

216 6 1
                                        

UNICODE

ချစ်ခြင်းမေတ္တာဟာ အဘယ်ပုံရှိလေသလဲ..

‌ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံဖော်ကြသလဲ..

ချစ်ခြင်းမေတ္တာဟာ ဘယ်နေရာကစပေါက်ဖွားသလဲ..

ချစ်ခြင်းမေတ္တာအကြောင်းဆွေးနွေးကြရအောင်

ဟော သူလေးကတော့ပေးဆပ်ခြင်းတဲ့
Suitနဲ့တစ်ယောက်ကတော့ရယူခြင်းလို့ဖြေတယ်

စကားဝိုင်းလေးရဲ့ထောင့်စွန်းမှာ ထိုင်နေတဲ့သူကတော့ ချစ်ခြင်းမေတ္တာဟာ သူချစ်တဲ့သူပါတဲ့

'ကျွန်တော့်ကမ္ဘာဟာသူ့ကိုဗဟိုပြုပြီးလည်ပတ်ပါတယ်' တဲ့

အို ချိုမြိန်လိုက်တာ...

'မတည်မြဲခြင်းသဘောတရားတွေအပြည့်နဲ့ကမ္ဘာမှာ သူဟာကျွန်တော့်ရဲ့သဘာ၀'

ကျွန်မဒီမှာသတိထားမိတာတစ်ခုက အခန်းထဲမှာရှိတဲ့ လူသုံးယောက်လုံးဟာတူညီသောနှလုံးသားတွေရှိနေကြတာပဲ

ထို့အပြင်တူညီသောလူတစ်ယောက်ကိုချစ်ခဲ့ကြတယ်..

အာ့တာဆိုအဲ့လူကရောဘယ်ရောက်နေလဲ...

ကျွန်မအခန်းထဲရှာကြည့်တယ် နောက်ဆုံးမတွေ့တဲ့အဆုံး လက်လျော့လိုက်သည်။

ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့အခါ အရင်ရက်တွေတုန်းကရှိနေခဲ့ ဓူဝံကြယ်ဟာပျောက်‌ေနတာကြောင့် ထိတ်လန့်သွားရသည်။

အပြင်ပြေးထွက်ပြီးရှာရန်အလုပ် မျက်လုံးထောင့်မှလတ်ခနဲမြင်လိုက်ရသော အရာကြောင့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး ထိုအရာနောက်ကြည့်လိုက်မိသည်။

ထိုသူ...

ထိုသူကကျွန်မကိုတောက်ပစွာ‌ပြုံးပြသည်။ အပြုံးတွေဟာလည်းပြည့်စုံလို့နေသည်။

'ဒါဆိုလူကြီးမင်းတို့အားလုံး အေးဆေးအနားယူလို့ရပါပြီ'

ကျွန်မပြောပြီး ခပ်မှန်မှန်သာအခန်းထဲကထွက်လာလိုက်တယ်။ ပြီးနောက်ကောင်းကင်ကြီးကိုကြည့်ကာ ပြုံးပြမိ၏။

ကျွန်မရှာစရာမလိုတော့ပြီ..

You're in the right place now Polaris..

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 22, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ပန်းချီကားတစ်ချပ်ရဲ့ကောင်းကင် // ပန်းချီကားတစ်ချပ်ရဲ့ကောင်းကင်Donde viven las historias. Descúbrelo ahora