တဖြည်းဖြည်းနဲ့အစီအစဉ်တွေကတခုပြီးတခုပြီးသွားတယ်။ အဆိုတော်တချို့လဲ စင်ပေါ်သီချင်းဆိုဖျော်ဖြေလို့ပြီးကုန်ပြီ။ Classic ဆန်တဲ့ music သံငြိမ့်ငြိမ့်လေးသာ ကြားရတော့တယ်။ လူကြီးပိုင်းတချို့ကလဲ ဒုတိယထပ်က vip room တွေထဲသွားလို့ ‌သီးသန့်သောက်စားကြရင်းစကားဝိုင်းဖွဲ့ကုန်ကြပြီ။ ဝမ်ကျင်းလင်လေးကိုလဲ အိမ်တော်ထိန်းကြီးကျန်းက အိမ်ပြန်ခေါ်သွားပြီ။ လူငယ်တချို့သာ ကျန်ခဲ့တယ်ဆိုပေမဲ့ ဒီလူအုပ်ကလဲ နည်းလှတယ်ရယ်တော့မဟုတ်ဘူး။ ဒီအချိန်မှာပဲ ရှောင်းကျန့်ရဲ့ဖုန်းက ဖုန်းဝင်လာခဲ့တယ်။

"ငွေအိတ်ကိုယူပြီး မြေအောက်ထပ်
ကားပါကင်ကိုလာခဲ့ "

"ဘာဖြစ်တယ် ???  သေချာမကြားရဘူး "

************************************

ရိပေါ်နဲ့ လီရှင်းကဒုတိယထပ်ရဲ့ မျက်နှာစာမှာရပ်လို့ အောက်ထပ်ကလူတွေကိုကြည့်နေကြတယ်။ တနည်းဆိုရမယ်ဆိုရင် ဝမ်ရိပေါ်က လူတွေကြားထင်းနေတဲ့သူ့ရဲ့ရှောင်းလုံးလုံးကို လိုက်ကြည့်နေတာ။ ရှောင်းကျန်က ဘာတွေအလုပ်ရှုပ်နေတယ်မသိပဲ တယောက်ထဲဟိုကြည့်ဒီကြည့်နဲ့ ပျာနေတယ်။

"ဖွင့်ပြောပြီးပြီပေါ့ "

ရိပေါ်က လီရှင်းကမ်းပေးတဲ့ ခွက်ရှည်လေးကိုယူပြီးတငုံသောက်လိုက်တယ်။ အကြည့်တွေကတော့ ရှောင်းကျန့်စီကမခွာဘူး။

"အင်း "

"ဘာတဲ့လဲ "

"လက်မခံဘူး ဒါပေမဲ့နည်းနည်းပါးပါး ခြိမ်းခြောက်ထားလိုက်တယ်။ သူက ခြောက်လိုက်ရင် ယုန်ဖြူလေးလိုပဲ အရမ်းကြောက်တတ်တာ "

ဝမ်ရိပေါ်ရဲ့ဘေးတိုက်မြင်နေရတဲ့ မျက်နှာချောချောကို လီရှင်းကမက်မောစွာငေးနေတယ်။ စကားပြောလိုက်တိုင်းလှုပ်ရှားနေတတ်တဲ့ ဒီလည်ဇလုပ်လေးက သူ့အပိုင်အဖြစ် နမ်းရှိုက်ခွင့်ရရင်ဘယ်လောက်ကောင်းလိုက်မလဲ။ ယောက်ကျားပီသတဲ့ မှေးရိုးတွေ ၊ နတ်ဘုရားတပါးလိုစူးရှတဲ့အကြည့်တွေ ၊ ပျော်ဝင်ချင်မိတဲ့ နှုတ်ခမ်းတွေ အားလုံးအားလုံးကမက်မောတွယ်ငြိလောက်စရာဆိုပေမဲ့ ဒီလူသားက သူမဟုတ်တဲ့ ရှောင်းကျန့်စီမှာသာ အာရုံစုပုံနေတာ တကယ်ပဲမုန်းဖို့ကောင်းလိုက်တာ။

My Ugly Omega Mate (Completed)Where stories live. Discover now