"ဟားဟား ပင်ပန်းသွားပြီပေါ့" ဂျွန်ခယူက မာရှီဟိုရဲ့ခေါင်းကိုပုတ်ပြီး မေးလိုက်သည်။

"စိတ်ရောလူပါ ပင်ပန်းတယ်ဆိုတာ ဒါမျိုးပေါ့ စာမေးပွဲကနောက်လမှကို"

ဂျွန်ခယူက မာရှီဟို့ဆံပင်ကိုနေရာတကျ ပြန်သပ်ပေးနေဆဲ။

"မင်းတို့ ဒီညနေ အသင်းရှိသေးလား" ဟင်းမ်ကအနားကိုလာပြီးမေးသည်။

"မရှိဘူး ငါတို့ ၂ ယောက်လုံး Free"
ဂျွန်ခယူကဖြေပြီး စာအုပ်တွေထည့်နေသည်။ မာရှီဟိုကလည်းနောက်တစ်ချိန်အတွက် စာအုပ်တွေရှာနေသည်။

‘ကောင်းလိုက်တာ ငါကျတော့ သင်္ချာအသင်းက ပြိုင်ပွဲအတွက်ဆိုပြီးခေါ်ထားတယ်’

‘ဟာ ဟုတ်သားပဲ မင်းတို့ အိုလံပစ်ဖိုင်နယ်ကဘယ်တော့လဲ’

‘နောက်အပတ်ထဲမှာ’

‘အခန်း ၂ ရဲ့ဂုဏ်ကိုဆောင်မယ့်သင်္ချာဉာဏ်ကြီးရှင်ကွ သူက’

၄ ယောက်သား ပေါက်ကရတွေပြောလိုက် အတည်ပြောလိုက်နဲ့ ပွဲစည်သွားသည်။ ခဏကြာတော့မှ ဟင်းမ်ကသူပြောချင်တဲ့စကားကိုပြန်အစဖော်ရတော့သည်။

‘အေး အဲ့တော့ ငါပြောချင်တာက ဒီနေ့ စာကြည့်တိုက်မှာ စာအုပ်အသစ်တွေနေရာချဖို့တာဝန်ကျတာ ငါနဲ့ နောက်တစ်ယောက်ကွာ..သူရောငါရော ဒီနေ့မအားဘူး...အဲ့တော့ မင်းတို့ ၂ ယောက်အစားဝင်ပေးပါလား? မင်းတို့နေ့ကျ ငါပြန်အစားဝင်ပေးပါ့မယ်’

ဟင်းမ်ကပြောလိုက်တော့ ညနေကျ ဘယ်သွားပြီး ဘာစားကြမယ်လို့တွေးထားတဲ့ဂျွန်ခယူတို့ ၂ ယောက် ခဏတွေသွားသည်။

‘ရတယ်လေ .. လုပ်ပေးမယ်’ မာရှီဟိုကဝင်ဖြေလိုက်တော့ ဂျွန်ခယူက ချက်ချင်းလှည့်ကြည့်သည်။

‘မင်းတို့ ကိစ္စရှိတာလား’ ဟင်းမ်က ဂျွန်ခယူ့အမူအရာကိုမြင်တော့ ပြန်မေးလိုက်သည်။

‘ဘာမှအရေးမကြီးဘူး အပြန်စောလို့ မုန့်သွားစားမယ်လုပ်ထားတာ ရတယ်’

‘မုန့်စားတာထက် စာကြည့်တိုက်က ပိုတိတ်တယ်ကွ..အဲ့လိုဆိုပြီးတော့လည်း နှစ်ယောက်သား မဟုတ်တာတွေလုပ်မနေကြနဲ့ဦး’

High School Love Story (Mashikyu)Where stories live. Discover now