"ဪ...ပြီးတော့ မင်းတို့ကို ငါချက်ချင်းပြန်လာဖို့ခေါ်တာက Jungkook တို့ရုံးက ဖုန်းဆက်လာလို့ပဲ"

Jungkook ဆိုသော နာမည်ကြားရုံဖြင့် Jin အကြည့်တို့သည် Jaebum ထံသို့ အလျင်အမြန်ရောက်ရှိသွားတော့သည်

"ဘာပြောလဲ!!"

"သူတို့က မင်းကို ချက်ချင်းပြန်လာစေချင်နေတယ်"

"မဖြစ်နိုင်တာပဲ မလုပ်ဘူး!!"

Jaebum စကားအား Jin ချက်ချင်းပင် ငြင်းလိုက်လေသည်

"Yahhh!!! ငါက မင်းအတွက် ထည့်မစဥ်းစားပေးဘူးထင်နေလို့လား... အခုက Director ကိုယ်တိုင်ကိုက မင်းရဲ့ service ကိုမှ လိုချင်ပါတယ်လို့ ပြောနေတာလေ"

"ဘာပဲဖြစ်ဖြစ် မလုပ်ဘူးပဲ!!"

"Kim SeokJin!!!"

"Hyung! !! Hyung လည်းသိတာပဲ...ကျ​နော်က ခွေးတစ်ကောင်မဟုတ်ဘူး!!! သူက လာပါဆိုတိုင်း ချက်ချင်းသွားပြီး ကျနော့်မာနတွေ သိက္ခာတွေ ထိပါလာရင် ဒီအတိုင်းပြန်ထွက်ခဲ့ အဲ့လိုလုပ်နေရမှာလား!!.. Sorry Hyung... Hyung ကိုမလေးစားတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျနော် မသွားနိုင်ဘူး..အဲ့တာကြောင့် Hyung ကျ​နော့်ကို အလုပ်ထုတ်ချင်လည်း ထုတ်ဗျာ.."

"Jin...စိတ်လျော့ပါကွာ မင်းကလည်း"

Namjoon မှ Jin အား ပြုံးပြရင်း စိတ်လျော့ခိုင်းနေရှာသည်

"Hyung!! ကျနော်တကယ် မသွားချင်ဘူးနော်"

"အေးပါကွာ...စိတ်အရင်လျော့ပါဦး..တကယ်လို့ သူကမင်းကို ပြန်တောင်းပန်မယ်ဆိုရင်ရော"

အဲ့ကောင်လေးက တောင်းပန်မယ်ပေါ့လေ.. လာနောက်နေတာလား လို့ပင် Jin တွေးနေမိသညိ

"Okey လေ မျက်နှာချင်းဆိုင် ပြီးတောင်းပန်နိုင်ရင်တော့ ရတယ်လေ...မဟုတ်ရင်တော့ No ပဲ"

"Deal"

Jaebum လက်မထောင်ပြကာ ပြုံးပြရင်း သဘောတူညီချက်ကို ရယူလိုက်လေသည်
.
.
.
.
.

Jin လေ့ကျင်ခန်းလုပ်ပြီး ပြန်ထွက်လာချိန်တွင် Agency ၏ ဧည့်ခန်းမ၌ ထိုင်နေသော Hoseok အားတွေ့လိုက်ရသည်.. Hoseok သည် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်ဟန် ပေါ်နေသောကြောင့် Jin လာသည်ကိုပင် မမြင်

Guardian (Translation Fic) CompletedWhere stories live. Discover now