သို့ပေမယ့် ဝမ်ဖုန်းကျင်က ထိုလူ့ကို နောက်ထပ်အကြည့်လေးတစ်ချက်တောင် မစွန့်ကြဲတော့ဘဲ ခေါင်းသာ ယမ်းပြနေတယ်။ သူက ခေါင်းတလားနားကို လျှောက်လာပြီး ဝမ်ရှောင်းမျယ်ရဲ့ပါးလေးကို အသာအယာ ပွတ်ပေးလိုက်တယ်။

"ရှစ်ရှုန်း နိုးလာပြီပဲ၊ ကျွန်တော် ဆူညံနေတဲ့ကြွက်တချို့ကို သွားကိုင်တွယ်ရတော့မယ်... ဘာလို့ နည်းနည်းထပ်မအိပ်တာလဲ? စိတ်မပူပါနဲ့ မကြာခင် ပြီးသွားမှာပါ"

'... ဟေး ဟေး လူတွေ နားထောင်နေတယ်လေ'

ဝမ်ရှောင်းမျယ်က ထိုလူ့ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်တဲ့အခါ ... 'အိုး f**k! ဒီလောက်ထိ ပြူးနေအောင်လုပ်ထားတာ မင်းမျက်လုံးတွေ မနာဘူးလား?!'

သို့ပေမယ့် ဝမ်ရှောင်းမျယ် တစ်စုံတစ်ရာကို သတိထားမိလိုက်တယ်။

ထိုလူ သူ့ကိုကြည့်နေတဲ့ပုံစံက : သဝန်တိုမှုနဲ့ ခါးသီးမှု!

ထိုလူ ဝမ်ဖုန်းကျင်ကို ကြည့်နေတဲ့ပုံစံက : အချစ်နဲ့ အမုန်း...

ထိုလူ သူ့ကို နောက်တစ်ဖန် ကြည့်လာတဲ့အခါ : သဝန်တိုမှုနဲ့ ခါးသီးမှု!

ထိုလူ ဝမ်ဖုန်းကျင်ကို ထပ်ကြည့်လိုက်တဲ့အခါ : အချစ်နဲ့ အမုန်း...

'ဘုရားသခင်! တစ်စုံတစ်ယောက်က ဦးတည်ချက်တွေ ပြောင်းသွားရုံနဲ့ ဒီလို ကွဲပြားတဲ့ခံစားချက်မျိုး မျက်လုံးထဲပေါ်နေနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!'

ဒါကြီးက ဘယ်လိုတောင်လဲဆိုရင် သူ့ကို စွန့်ပစ်သွားတဲ့ ခင်ပွန်းနဲ့ မယားငယ်ကို ဇနီးဖြစ်သူက ကြည့်နေသလိုမျိုး ဝမ်ရှောင်းမျယ် ခံစားချက်ရနေတယ်။ "နင် လက်ဖက်စိမ်းခွေးမ! ငါနင့်ကို သတ်မယ်!"ဆိုတဲ့ စကားမျိုးတောင် ကြားနေရသလိုပဲ။

ဝမ်ရှောင်းမျယ် : '... ဒရမ်မာချိုးတာ တအားများသွားပြီ'

သူတို့ရဲ့တည်ရှိမှုကို လျှော့ချနိုင်အောင် ကြိုးစားနေကြတဲ့ လိန်းကျဲ့နဲ့ ရှောင်လျို့တောင်မှ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့စုံတွဲကို နှိပ်ကွပ်ဖို့အတွက် သူတို့ရဲ့ညီအစ်မကောင်းနဲ့အတူ လိုက်လာကြရတဲ့သူတွေလို့တောင် ခံစားလိုက်ရတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now