"ယဲ့ဝမ်ရဲ့မြေးလေးကို လွမ်းနေတာ ယဲ့ဝမ်ကို မွှေးမွှေးပေးပါဦး"

ဆူပုတ်ပုတ်နဲ့ သူ့ပါးကို နမ်းလာတဲ့ မြေး

"ကဲ့ ယဲ့ဝမ်ရဲ့မြေးလေး ဘာကိုအလိုမကျတာလဲဟင် ဟိုနှစ်ယောက်က မြေးကိုအနိူင်ကျင့်တယ်မလား ယဲ့ဝမ်ရိုက်ပေးမယ်နော်"

"ပါး ဘယ်အချိန် ပြန်လာတာလဲ သားတို့ကိုတောင် မပြောဘူး"

ရိပေါ် သူပြောတာကို မဖြေပဲ သားကိုပဲ ချော့နေတဲ့ ပါးကြောင့် ရိပေါ်သာမက ရှောင်ကျန့်ပါ မျက်လုံးပြူးချင်လာသည်။
သားကလည်း တစ်ခါမှ အဲ့လိုအကြာကြီး မဆူပုတ်ဖူးတာကို အခုအားကိုရာပါ ရှိနေတော့ တကယ့်ကို ဝက်ပေါက်စလေးလို ဖြစ်နေပြီ

မကြာပါ သားက ပါးကိုဘာပြောမှန်း မသိဘူး ပါးကသူတို့ကို ကြည့်လာတယ်

"ငါ့မြေး မဟုတ်ဘူး ငါ့သားငယ်ကို ငါခေါ်ထားမယ် ညကျမင်းတို့ လာမခေါ်နဲ့ သွားတော့"

"အာ.." ဝမ်ပါးစကားကြောင့် ရှောင်ကျန့်နဲ့ရိပေါ် အာကနဲဖြစ်သွားတယ် ၊ မြေးမဟုတ်ဘူး သားငယ်တဲ့ ဘယ်အချိန်ကတည်းက သားငယ်ဖြစ်သွားတာတုန်း

"ပါး ဒါကိုကိုမွေးတာနော် "

သူ့စကားကို ပါးကငါသိတယ်ဆိုတဲ့ အထာနဲ့ သားကိုချီပြီး ကျောင်းထဲကို ဝင်လိုက်သည်။ဟိုကောင်ကလည်း ပါးလက်ပေါ်မာပဲ အချွဲလေးလုပ်နေတာ ဘာတွေလဲ ရိပေါ်တကယ်မလိုက်မီတော့ဘူး

အထဲကို ဝင်သွားတဲ့ ပါးနောက်ကို ရိပေါ်စကားတစ်ခွန်း ပြောဖြစ်အောင် ပြောလိုက်သေးတယ် "ပါးသားဆိုမှတော့ ပြန်လာမပို့နဲ့တော့နော်"တဲ့

သူ့စကားကြောင့် ကိုကိုက သူ့ချက်ကို လိမ့်ဆွဲလာတယ်။ အဲ့တာ မောင်ကြောင့်တဲ့ မောင်ကြောင့်ဖြစ်တာဆိုပြီး တစ်လအတွင်း သူ့ကိုမထိရဆိုပြီး ပြောရင်း taxiငှားပြီး ထွက်သွားလိုက်သည်။သူတားချိန်‌တောင် မရလိုက်

ဒါတွေအကုန်လုံးက ဟိုကောင်ကြောင့်ဖြစ်တာမို့ ရိပေါ်တစ်ယောက် သူ့သားကိုရိုက်ဖို့ ရင်ထဲစတေးနေရင်း ကိုကို‌ ကိုပြန်ချော့ဖို့ ရှောင်ကုမ္ပဏီကို မောင်းလာခဲ့သည်။ မြင်ယာင်နေတယ် ဒီနေ့တော့ ကျန်းချန်တစ်ယောက် စိတ်ညစ်နေရတော့မယ် ဆိုတာကို ။

Our Family (Completed)Where stories live. Discover now