[ အခုမှ သိတာလား ]

[ဟယ် နင် ....ဒါက ဘာစကားကြီးလဲ ၊ ဟဲ့... ]

ဝမ်ရိပေါ်က ဆက်ချောင်းမနေတော့ပဲ ထွက်လာလိုက်တယ် ။

"ကြောင်နဲ့လဲ စကားပြောတာပဲနော်
ဘာလို့လဲ ကြောင်ဘာသာစကားကိုနားလည်လို့လား ၊ ကြောင်က ဘာပြန်ပြောလဲ ပုဇွန်ခြောက်မကျွေးရင် ၆ချက်ကုပ်မယ်တဲ့လား ဟားဟား "

ရှောင်းကျန့်က ခေါင်းတောင်မဖော်တော့ဘူး ။ ဝမ်ဒေါ်လေးက ရိပေါ်ကိုပါးစပ်ကြီးဟ့ကြည့်ပြီး အံ့အားသင့်နေတယ်။ အခုသူ့တူက သူများကိုစနောက်ပြီးရယ်နေတာလား။ ဒါသတင်းထူးပဲ။ ဝမ်ရိပေါ်က လူစားလဲခံလိုက်ရတာလား ။

"အိမ်မှာ မွေးထားတဲ့ကြောင် ၊ ဒေါ်လေးမွေးထားတာ ၊ သူများအိမ်ကကြောင်မဟုတ်ဘူး
နာမည်က ကျင်းကော်တဲ့ "

"ဟုတ်လား "

"ဒေါ်လေးတို့ လမ်းလျှောက်ထွက်ကြမလို့ မင်းလိုက်ခဲ့ဦးမလား "

"မလိုက်တော့ဘူး ဒေါ်လေး "

ရှောင်းကျန့်က ကြောင်မကိုပွေ့ပြီး အိမ်ထဲဝင်ဖို့ပြင်တယ်။ ဝမ်ရိပေါ်က စဖြစ်အောင် စလိုက်သေးတယ်။

"ကြောင်နဲ့တယောက်ထဲစကားပြောမနေနဲ့ဦး

နော် "

ပြောတော့ဘာဖြစ်လဲ ...သူ့အရေးလား ....

***********************************

ဝမ်ရိပေါ်က တဖြည်းဖြည်း အရင်လိုအချေကောင်မဟုတ်တော့ပဲ ရှောင်းကျန်အနားအလွန်ကပ်လာပြီး အမြဲသူစိတ်မဆိုးဆိုးအောင် စနောက်တတ်လာတယ်။ အရင်အတိုင်း ပြန်ချေပေးပါလားလို့ တောင်းပန်ရမလိုတောင်ဖြစ်လာတယ်။

"ရှောင်းလုံးလုံး ရှောင်းလုံးလုံး"

"ဝမ်ရိပေါ် !!! အကြီးကိုမလေးမစားမလုပ်နဲ့ "

"ဘာဖြစ်လဲ လုံးလုံးလေးမို့ လုံးလုံးလို့ခေါ်တာလေ ရှောင်းလုံးလုံးရေ လုံးတုံးလေးရေ "

"မခေါ်နဲ့ "

"ရိပေါ်ရယ် သွားမစပါနဲ့ ၊ သူ့ဟာသူနေပါစေ "

ကျန်းချန်က တားမြစ်ပေမဲ့လည်း ဝမ်ရိပေါ်ကတော့ နားမထောင်ပါ။ ရှောင်းကျန့်ကိုစနောက်ရတာ သူအလွန်သဘောကျတယ်။ သူအလုပ်အားတာနဲ့ ရှောင်းကျန့်ရဲ့ ရုံးကိုလာပြီးထိုင်စ့တော့တာပဲ။ လီရှင်းကတော့ ဝမ်ရိပေါ်လာပြီဆို ပျော်နေရှာတယ်။ ၃ယောက်သား နေ့လယ်စာအတူစားဖြစ်ကြတာလဲရှိတယ်။ ဝမ်ရိပေါ်က စိတ်ပုပ်ပေမဲ့ သူ့အပေါ်နွေးထွေးတယ်ဆိုတာကိုတော့ ရှောင်းကျန့်လဲခံစားမိပါတယ်။ သူ့ရဲ့ ရုပ်ရည်နဲ့ အားနည်းချက်တွေကြောင့် ရိပေါ်ကပိုသနားပြီး ဂရုစိုက်ပေးနေတယ်ဆိုတာလဲ သူနားလည်တယ်။ ဝမ်ရိပေါ်လာရင် လီရှင်းနဲ့နှစ်ယောက်ထဲဖြစ်အောင် သူရှောင်ပေးပေမဲ့ မအောင်မြင်ပဲ သူကအမြဲကန့်လန့်ကန့်လန့်နဲ့ပါနေရတာပါပဲ။

My Ugly Omega Mate (Completed)Where stories live. Discover now