ဆူးဒေဝီ…နင်ကတကယ်ကို ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချီးဘဲ ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ နင်ကငါ့အတွက်တော့ ပြိုင်ဘက်ဖြစ်ဖို့ လွယ်လွန်းနေတယ် ။

•••••••

"ဟွန်း နောက်ကျလိုက်တာ အခုထိလည်း မလာသေးဘူး "

ဆူး အထူးအံဩစရာသတင်းကို ပြောပြမလို့ ကျောင်းဝန်းထဲရောက်တာတောင် အခန်းထဲကို မသွသေးဘဲ ခီကူးကို စောင့်နေတာ ဖြစ်သည်။ ဒီ့နေ့ကျမှ အချိန်တွေက ပိုကြာနေသလိုပင်။

ကျောင်းထဲရှိ အတန်းတူသူငယ်ချင်းများကလည်း ဒီနေ့ကျမှ ဆူးကို ကြည့်နေကြသလို ခံစားမိသည်။

အို…သူချောလို့ကြည့်နေတာနေမှာပါ့။ ဆူးက အကောင်းမြင်စိတ်ရှိသူမို့ ဒီလိုသာတွေးလိုက်သည်။

"ကျွီ"

ကျောင်းပေါက်ဝ၌ နက်ပြောင်နေသော ကားတစ်စီးထိုးရပ်ကာ ‌ကားပေါ်မှ ခီကူးက တစ်လှမ်းချင်းဆင်းလာတာဖြစ်သည်။

ဂုတ်ထောက် မထူးမပါးဆံပင်ကို ကျောင်းလာတာမို့လို့လားမသိ ဂျယ်လ်ပါးပါးနဲ့ ဘေးကိုသပ်တင်ထားသဖြင့် နဖူးဝင်းဝင်းက ထင်းနေ၏။ မျက်နှာက တည်တင်းနေတာတောင် ကော့ညွတ်‌နေတဲ့ နှုတ်ခမ်းကြောင့်လားမသိ ရုပ်လေးက ရှင်းသန့်ကြည်လင်နေတာဖြစ်၏ ။

စိတ်ကြည်နေလို့လားမသိ…တွေ့နေကြ ခီတန်ကူးဇဏ်ကပါ ချောနေပါရော့လား ။

ဆူးက သစ်ပင်နားကနေကွယ်ပြီး ဖြတ်သွားတဲ့ ဇဏ့်ကို လှမ်းခေါ်သည်။

"ဟျောင့်"

ဆူး အခေါ်ကြောင့် မျက်ခုံးတန်းတို့ကို တမင်သိသိသာသာ တွန့်ချိုးပစ်လိုက်ပုံက အခြားသူဆို ကြွေသွားနိုင်ပေမဲ့ ဆူးအတွက်တော့ မျက်မုန်းကျိုးချင်စရာပေ။

တော်ပြီ…ခုနက ချောတယ်ပြောတာကို ရုတ်သိမ်းတယ် ။

ဆူးခေါ်တာကို အဖက်မလုပ်ကာ ရှေ့သို့တည့်တည့်သွားနေသူအား  နောက်မှတကောက်ကောက်လိုက်ကာ ရန်စောင်မိသည်။

"ဟဲ့ကောင် ခေါ်နေတယ်လေ…ဘာလဲ လူကို အရေးမလုပ်တာလား နင်ကဘာကောင်လဲ…ဟမ် "

Love Of My Life [Completed]Where stories live. Discover now