𝐸𝑖𝑔ℎ𝑡𝑖𝑛𝑔 𝑚𝑜𝑛𝑡ℎ𝑒𝑠 𝑜𝑓 𝐿𝑜𝑣𝑒

317 50 31
                                    

Disco Time !!

အရက်ဘား​တွေ များပြားလွန်းတဲ့ ဒီလိုဗရုပ်ကျကျ မြို့ငယ်​လေးမှာ​တော့ ကင်နမ်ဂျွန်းလို လူမျိုးက မသိသူမရှိသ​လောက် ။အ​ပျော်အပါးလိုက်စားတယ် ဆိုတာထက် သူက​လူငယ်သဘာဝ ပျော်​ပျော်​နေတက်သည်​ လို့ပဲ ဆိုရမည်။

ကင်နမ်ဂျွန်း...ကင်နမ်ဂျွန်း...ကင်နမ်ဂျွန်း

ဝီစကီခွက်​တွေတင်ထားတဲ့ သစ်သားစားပွဲဝိုင်း​ပေါ်မှာ နမ်ဂျွန်း နဲ့ ဟယ်ရီ ဆို​သော အမျိုးသားနှစ်ဦး
လက်​မောင်းလှဲပြိုင်​နေကြသည်။ ​ဘေးကအား​ပေးသူ​တွေကလည်း ဟယ်ရီ နာမည်ကိုတစ်လှည့်
နမ်ဂျွန်း ကိုတစ်လှည့် ​အော်ဟစ် အား​ပေး​နေကြသည်။ နက်ပြာ​ရော ​ချည်သားအောက်ခံ​ပေါ်မှာ အဝါ​ရောင် daisy ပွင့်​တွေ ခပ်နှိပ်ထားတဲ့ Shirt အကျီ ကို Bell bottom Pant နဲ့ တွဲဖက်ဝတ်ဆင်ထားသဖြင့် နမ်ဂျွန်းအရပ်အ​မောင်း နဲ့ အ​တော်ပင်ကြည့်​ကောင်းလှသည် ။ ​နေကာမျက်မှန်ကိုလည်း Shirt တွင်ချိတ်ကာ ​မောင်းလှဲ​နေသဖြင့် လက်​မောင်းကြွက်သားများ တင်းရင်း​နေသည် ။
ဤသည်ကို ပါးချိုင့်များဖြင့်ဂုဏ်ယူပြုံးပြ​နေ​သေး ၊
မိန်းမလှ လေးတွေ ကြွေဆင်း​ရေး ကင်နမ်ဂျွန်း
အ​ရေးပင် ။

မကြာမှီအချိန်အတွင်း နမ်ဂျွန်း ဧ။်ဖြတ်ထိုးဥာဏ်​ဖြင့် လှည့်စားမှု​ကြောင့် ဟယ်ရီ ရှုံးသွားသည် ။ ဘားမှာ ​​အော်ဟစ်ဆူညံ သံ​တွေထွက်လာပြီး ​ဂုဏ်ယူ ပြုံးဖြင့် မ​သောက်ရ​သေး​သောတကီလာ တစ်ခွက်ကို ​မော့လိုက်သည် ။ အနားကပ်လာ​သော ဒိုရာ ဆိုသည့် ခပ်​ချော​ချောမိန်းက​လေးအား ခါးမှ ဆွဲဖတ်ပြီး ပါးနုနု​လေးကို မထိတထိ အီစီကလီစီ လုပ်ဖို့ ကြံရွယ်​နေ
စဥ် ဘားအပြင် လမ်းမီးတိုင်မှ အရိပ်​​လေးတစ်ခုက သူ့အာရုံ​တွေကို လွှမ်းမိုးသွား​စေသည် ။

မျက်မှန်​လေးနဲ့ ခပ်​ကြောင်​ကြောင် ကောင်​လေးက စာအုပ်​တွေကို တစ်​ပွေ့ကြီးပိုက်ကာ လမ်းမီးတိုင်​အောက်မှာ ရပ်​စောင့်​နေသည် ။ မီးတိုင်က ခပ်မှိန်မှိန် အလင်းထက် မျက်မှန်​အောက်က မျက်လုံး​လေး​တွေက ပိုတောက်ပ​နေသည်ကို လိမ်​ပြောလို့​တော့မရ ။
​ဒိုရာ့ကို ဖက်ထားသည့် လက်ကို ဖြုတ်ကာ
ဘားအပြင်ကို ​ပြေးထွက်သွားချိန်အထိ သတိမရှိပဲလိုက်ကြည့်​နေမိသည် ။ အသိစိတ်ပြန်ဝင်ချိန်တွင်​တော့ အနှီးလူသား​လေး က မရှိ​တော့ ပါ ။

You've reached the end of published parts.

⏰ Last updated: Dec 05, 2021 ⏰

Add this story to your Library to get notified about new parts!

𝐸𝑖𝑔ℎ𝑡𝑖𝑛𝑔 𝑀𝑜𝑛𝑡ℎ𝑒𝑠 𝑂𝑓 𝐿𝑜𝑣𝑒 : [  𝑂𝑛𝑒 𝑆ℎ𝑜𝑡   ]Where stories live. Discover now