(2) My Whole Family Are Villains(ငါတို့မိသားစုကဗီလိန်)

418 11 0
                                    


တအားကြိုက်တဲ့ဘာသာပြန်ဝတ္ထုလေးမို့ reviewsလေးလာပေးတာပါ 

စဆုံး Completeမို့ စောင့်စရာလည်းမလိုပါဘူးနော်


My Whole Family Are Villains 

Type က rebirth ကိုမှ နည်းနည်းဆန်းတယ်ပေါ့နော်။ MC က စုပေ ဆိုတဲ့ 14 နှစ်ကောင်မလေး ၊ သူ့မှာ အမွှာကောင်လေး စုရှောင်ပေါင် ရှိပြီး အရမ်းကိုပဲ Brocons ကြီး။ အမေကမွေးပြီးပြီးချင်ပစ်သွားပြီး သွေးမတော်တဲ့အဖွားကြီးကမွေးထားလို့ မိဘမဲ့ဆိုပြီး ကျောင်းမှာအနိုင်ကျင့်ခံရပေမယ့် စာနှစ်ယောက်လုံးစာအရမ်းတော်ကြတာ။ 


တစ်ရက်စုပေအနိုင်ကျင့်အရိုက်ခံရပြီး တခြားကမ္ဘာရောက်သွားတယ်။ ဒါပေမယ့် အဲ့ဒိကမ္ဘာမှာ စာအုပ်တစ်အုပ်ဖတ်ရပြီး သူတို့ကဝတ္ထုထဲကဆိုတာသိသွားတယ်။ သူတို့မွေးအမေတို့ရဲ့ ဇာတ်လမ်းကိုသိသွားပြီး side story မှာပါလာမယ့် သူတို့ဘဝဇာတ်သိမ်းကိုပါသိသွားတယ်။ 


သူလက်ရှိကိုပြန်ရောက်လာတော့ သူ့မောင် စုရှောင်ပေါင် လူဆိုးလေးဖြစ်မယ့်အရေးနဲ့ သူသေမယ့်အရေးကို ကာကွယ်ဖို့ သူတို့အဖေအစစ်ကြီးကိုရှာဖို့ ထွက်လာခဲ့ကြတယ်။ အဖေနဲ့တွေ့တော့ စုပေက အရမ်းသွက်လက်၊ အလုပ်ကိစ္စတွေ​ကြောင့် ဗီလိန်ဖေဖေကြီးကမအားတော့ အိမ်မှာကလေးနှစ်ယောက်ကိုခဏခေါ်ထားရင်း တဖြည်းဖြည်းကလေးတွေအပေါ်အမြင်ကြည်လာပြီး DNA အဖြေမရခင်ကတည်းက လက်ခံနေပြီ။ စစချင်းက သူ့ကလေးတွေသာဆို ငွေထောက်ပံ့အသက်ပြည့်ရင် ဂျောင်းဆိုပြီးလုပ်မယ်ကြံထားတဲ့ ဖေဖေဟာ စုပေကြောင့် အရမ်းတွေပျော်လာပြီး အိမ်ထောင်စုစာရင်းထဲထည့်ပြီး သူ့ရှယ်ယာတွေပါပေးထားတဲ့အထိချစ်သွားတယ်။ 


နောက်ပိုင်း အဖေ နဲ့ သားရဲ့ စုပေအပေါ် အဖြစ်သည်းမှုတွေကို ပါးစပ်မပိတ်ပဲ ဖတ်ရမှာ။ စုပေ အပေါ်သဲသဲလှုပ်မယ့် ကောင်ချောလေးတွေပါလာရင်လည်း ဖေဖေကြီးက ဒေါတွေကန်ပြီး ရှူးရှူးရှဲရှဲတွေဖြစ်။

အများကြီးပြောရင် ဇာတ်လမ်းအကုန်ပါသွားမှာစိုးလို့ ကိုယ်တိုင်သာဖတ်ကြည့်ပါတော့နော်။ ဖတ်စေချင်လို့ လာပြောတာ။


E tran from Novel update

https://www.novelupdates.com/series/my-whole-family-are-villain/

Myanmar Tran by @Kay Wine

https://my.w.tt/HmJShxCDXbb

Novel Reviews And Recommend Myanmar TranslationWhere stories live. Discover now