" ကဲ လုမမလေး မင်္ဂလာပွဲ ကျင်းပတော့မှာမို့ အခါတော်ပေးဖို့ ကြွပါအုန်း ''

" ဘာ! မင်္ဂလာပွဲ ?''

" ဟုတ်တယ် မင်းက ငါ့ရဲ့ မရီးပေါ့နော် ငါက မင်းရဲ့မောင်လေးနဲ့မကြာခင်မှာ အကြင်လင်လင်တွေဖြစ်တော့မှာဆိုတော့''

" ရယ်ရတယ် ငါ့မောင်က နင့်လို အရူးကို လက်ထပ်ပါ့မလား သောက်ရူး ''

သူမရဲ့ စကားအဆုံး ခပ်မဲ့မဲ့ အပြုံးတွေက လီကျင့်ရွှမ် မျက်နှာပေါ်ကနေပျောက်ကွယ်သွားသည်။ လီကျင့်ရွှမ်က ဒေါသထွက်ကာ သူမ ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့် ညစ်ကာ ထပ်ပြောလိုက်သည်။

" အဲ့တာဆို လိုက်ကြည့်ရင်း ဆုံးဖြတ်လေ အခု သူက ငါနဲ့ မင်္ဂလာဆောင်ဖို့ အခန်းထဲမှာ ပြင်ဆင်နေပြီ ''

" မကောင်းတော့ဘူး ခေါင်းဆောင် Suzy သူ... အစ်ကိုလေးကို ဖမ်းထားပြီးပြီ ''

" ဘာ! "

ကောင်လေးတစ်ယောက်က အခန်းထဲကို ပြေးဝင်လာပြီး ပြောလိုက်တဲ့စကားကြောင့် လီကျင့်ရွှမ်က မျက်နှာပျက်လျက် ပိုပြီး ဒေါသထွက်ကာ ယွီရန်ရဲ့ပါးချောင်ကိုကုပ်ထားတဲ့ လက်တွေပြေလျော့သွားသည်။

" အဟက် ငါမပြောဘူးလား သောက်အ အခုတော့ ဘယ်လိုလဲ အဲ့ဒီ Suzy ဆိုတဲ့ တစ်ယောက်က နင့်ကို Suprise အကြီးကြီး တိုက်လိုက်တာပါလားနော် အိုး So Amazing ပါပဲ ''

" ပါးစပ်ပိတ်ထားစမ်း ''

လီကျင့်ရွှမ်က အော်လိုက်ပေမယ့် ယွီရန်က ပြုံးတုံ့တုံ့ကြည့်နေဆဲ ။

ထို့နောက် လီကျင့်ရွှမ်က အခန်းထဲက ထွက်သွားသည်။

" ယွီယွမ်ကို အဲ့ဒီကောင်မက ဘယ်ခေါ်သွားတာလဲ ''

" အပေါ်ဆုံးထပ်ကိုပါ ခေါင်းဆောင် ''

" အင်း ''

.
.
အပေါ်ဆုံးထပ်မှာ ပါးစပ်မှာလည်း တိတ်ကပ်ခံထားရပြီး လက်ကိုခြေပါ ခုံနဲ့တွဲပြီး ကြိုးနဲ့တုပ်ခံထားရတဲ့ ယွီယွမ် ။

ရှောင်းကျန့်က စိတ်ထဲကနေ အော်ဟစ်နေမိသည်။

ငါလူး ဇာတ်ကြောင်းကလည်း ချီးလိုပဲ
လီကျင့်ရွှမ်က သောက်ရူး သူ့တပည့်မက ကျပ်မပြည့်တဲ့သူ ကိုက်နေရော လိုက်ဖက်လိုက်တာ ။

Peculiarly System [Completed ]Where stories live. Discover now