ကောင်ငယ်လေးရဲ့စကား​ကြောင့်
သူရယ်လိုက်မိတယ်။

" ဘာလို့လဲ? ငါ့ကိုလူဆိုးဖြစ်​စေချင်နေလို့လား?
တရားခံဆိုတဲ့စကားကဆိုးတာဘဲ!"

"အာ ကိစ္စမရှိဘူးထားလိုက်တော့ ဟေးး
အဲ့ဒါlucasမဟုတ်ဘူးလား? "

chenleကတစ်ယောက်ယောက်ကို
လက်ညှိုးထိုးပြရင်းပြောလာတယ်။အဲ့ဒါက
တကယ်ကိုlucasဘဲ...

ထို့နောက်သုံးယောက်သား အအေးမှာဖို့ရာအနီးနားက
neocityzoneဟုအမည်ရတဲ့cafeဆိုင်ထဲသို့
ဝင်လိုက်ကြသည်။ဘာလို့ဆို ခရစ်စမတ်အတွက် လိုအပ်တဲ့ပစ္စည်းတွေမဝယ်ခင်အချိန်တွေအများကြီးဖြုန်းမိကြမည်ကိုသူတို့သိတာကြောင့်ဖြစ်သည်။

"Jasmine teaခွက်ကြီးတစ်ခွက်ပေးပါ"

သုံးယောက်သားဟာတရုတ်ပြည်ရဲ့မြို့တွေထဲ
လျှောက်သွားရင်းအလုပ်များနေကြသည်။ထို့​နောက်
အနားကပန်းခြံတစ်ခုထဲလှမ်းဝင်လိုက်ရင်း
အေးအေးဆေးဆေးလျှောက်ကြည့်ဖြစ်ကြ၏။

"renjun ကိုရီးယားမှာကျန်ခဲ့တဲ့မင်းကောင်လေးကို
မလွမ်းဘူးလား?အာ ဒီမေးခွန်းအတွက်sorryပါကွာ"

"အဲ့ဒါကမေးခွန်းဆိုရင်အဖြေကအင်းဘဲပေါ့"

chenleနဲ့lucasဟာသူ့ကိုကြည့်ပြီးအသာရယ်ကြ၏။

"ဟုတ်ပါပြီ ဒါဆိုငါတို့အရင်ပြန်နှင့်မယ်"

ထို့နောက်တော့chenleဟာ ခုထိသူ့ကိုပြုံးကြည့်နေဆဲ
lucasကိုရုတ်တရက်ကြီးဆွဲခေါ် ၍ထွက်သွားလေသည်။

"ထူးဆန်းနေတယ်"..ဟုသာသူရေရွတ်ဖြစ်သည်။
သို့သော်ဘာရယ်အကြောင်းမှတော့သူမတွေးမိပေ။
အဲ့အစားပန်းခြံထဲသို့သာလျှောက်ကြည့်နေလိုက်၏။

"ဟိုင်း...အချစ်"

တစ်စုံတစ်ယောက်ကသူ့အနားကပ်ကာ တီးတိုးပြောလာသည်ကြောင့်လန့်ပြီး
ခုန်မိလိုက်တော့မလိုဖြစ်သွားရသည်။ထိုအသံက
သူအမြဲတမ်းကြားဖူး​နေကြအသံဖြစ်မှန်းလဲ သူသေချာပေါက်သိသည်။

အချိန်အကြာကြီးစောင့်ပြီးနောက်တော့ သူအချစ်ရဆုံးဖြစ်တဲ့na jaeminဆီကနေ အချစ်ဆိုတဲ့ခေါ်သံကိုကြားရပြီဘဲဖြစ်သည်။
အဲ့ခဏကအချစ်ဆိုတဲ့ခေါ်သံကြောင့်
သူ့ဒူးခေါင်းတွေ အားပျော့သွားရသလို ခံစားရပေမဲ့လဲ တကယ်ကဒီတိုင်းလေးရပ်မြဲတိုင်း
ရပ်နေမိလျက်သာရှိသည်။

From Home:Renmin(Myanmar translation)Where stories live. Discover now