18▪︎At Home!

Mulai dari awal
                                    

"ဟာ...နာအွန်း မအိပ်နဲ့အုံးနော် ငါပတ်ခ်ဂျီမင်ကိုခေါ်ပေးမယ်...၊အာညီးးး ဂျောင်းကုကိုခေါ်ရမှာလား...၊သူငယ်ချင်းငါဘယ်သူ့ကိုခေါ်ပေးရမှာလဲ..."

သူမမေးနေသော်လည်းသူငယ်ချင်းဖြစ်သူနာအွန်းမှာအံဖက်ဆို့နေပြီဖြစ်သည်...။သူလည်းသူ့ဖုန်းထဲမှာရှိတဲ့ပတ်ခ်ဂျီမင်ဖုန်းကိုသာခေါ်လိုက်တော့သည်...။

သိပ်မကြာလိုက်ပါ ၊ ပတ်ခ်ဂျီမင်မှာမယားဇောကပ်ပြီးလာရလို့လားမသိဇောချွေးတွေကိုပြန်လို့ရယ်...၊ပတ်ခ်နာအွန်းတို့မွှေချက်ကတော့တာတေကိုလန်နေတာပဲဟုသူမတွေးမိလိုက်သည်။

"မီယောင်းရှီ...၊ကျွန်တော်ပြန်ပို့ပေးရအုံးမလား"

"အာရီးဂူ...နတ်သားလေးရယ် ရှင့်ဇနီးချောလေးကိုသာပင့်သွားတော်မူလိုက်ပါရှင်၊နှမတော်ကတော့အခုမှရေချိန်ကိုက်နေတုန်း...ဟီးးး"

"ဟုတ်...ဟုတ်ကဲ့ အဲ့ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး"

"ကြွမြန်းတော်မူပါရှင်..."

ဟူးးးမိန်းကလေးတွေများမူးလာရင်ငါတို့ယောကျ်ားတွေထက်တောင်ပိုဆိုးပါလားနော်...၊ပတ်ခ်နာအွန်း မင်းကထိပ်ဆုံးပဲ၊ပြဿနာပေါင်းစုံကိုတနေ့တမျိုးမရိုးရအောင်မီးထွန်းရှာတယ်...။

အိမ်ထဲရောက်တော့မှခေါင်းပြန်ထောင်လာတဲ့ အမူးသမ ၊တော်တော်လည်းတရားရာကျပါတယ်။တွဲထားတဲ့သူ့ကိုသေချာပြန်ကြည့်နေတဲ့သူမ...၊ခါးကိုဖက်ထားတဲ့လက်နဲ့တင်ပါးကိုခပ်စပ်စပ်လေးရိုက်လိုက်ချင်ရဲ့...။

"ဟယ်...ယောကျ်ား..."

"ဟုတ်တယ် ငါမင်းယောကျ်ားပဲ...တော်ပါသေးရဲ့ ကိုယ့်ယောကျ်ားကိုမှတ်မိသေးလို့"

"ယောကျ်ားကလည်း မိန်းမမှာဒီယောကျ်ားလေးတစ်ယောက်ပဲရှိတာကို အဟိ...၊အာ...သိပြီ ယောကျ်ားကမိန်းမကိုစိတ်ဆိုးနေတာမလား..."

ရုတ်တရက်သူ့ကိုကုတင်ပေါ်တွန်းချလိုက်ကာသူမကအပေါ်ကနေတက်ခွလိုက်တာကြောင့်သူကြောင်တောင်တောင်ဖြစ်သွားသည်...။

"ကလေး ဘာလုပ်တာလဲ"

"ဘာကလေးလဲ၊ ဒီကလူကြီးဖြစ်ပြီးခလေးတောင်ရနေပြီကို..."

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Tempat cerita menjadi hidup. Temukan sekarang