Just Fri Zone... 11

824 64 1
                                    

Just friend zone
🍎🍎🍎🍎🍎
les story part(11)

ရွှေလမင်းအထူးကုဆေးရုံကြီးထဲသို့ရဲများ
ဝင်ရောက်လာကြပြီးပြေဟန်စိုးကိုစစ်
ဆေးနေကြသည်။ငွေလကတော့အရေးပေါ်ခွဲစိတ်မှုကိုခံယူ
လျှက်ရှိသည်။ဘယ်ဘက်ခြေထောက်ဒူးဆစ်အောက်
်ပိုင်းကအရိုးမှာအက်သွားသောကြောင့်စတီးလ်ရိုးအစားထိုးရမည်ဖြစ်သည်။ဦးခေါင်းပိုင်းကိုထိခိုက်မိသွားသော်လည်းစိုးရမ်စရာမရှိဟုဆရာဝန်ကထွက်ဆို
သောကြောင့်ကံကောင်းတယ်ဆိုရမည်။အခြားနေရာများကတော့ပွန်းပဲ့ရုံလောက်သာ။ငွေလသာအိတ်လေးထဲမှဖုန်းသံကြောင့်
ဦးမြသာဖုန်းကိုယူကြည့်လိုက်သည်။
ညို့……ဆိုသောအမည်ကြောင့်ဖုန်းကိုချပြီးပါဝါ
ပါပိတ်လိုက်သည်။အရေးထဲဒီကောင်မလေးကတမှောက်။ဒီအချိန်မှာသာသာလေးအတွက်အားလုံးကစိတ်သောကရောက်နေတာသူ့ကြောင့်
ပိုပြီးစိတ်အနှောက်အယှက်ဖြစ်ရသည်။
ခွဲစိတ်ခန်းရှေ့တွင်သမီးကြီးနဲ့မေကြီးမှာဘုရားစာအုပ်ကိုလက်ကမချ။

      ''ဒီကအကိုကြီးကငွေလသာရဲ့
အဖေလားဗျ´´

       ''ဟုတ်ပါတယ်´´

    ''ကျွန်တော်ကပြေဟန်စိုးရဲ့ဖခင်ပါ
ဗျာသားလေးကိုယ်စားကျွန်တော်
တောင်းပန်ပါတယ် ´´

ဦးမြသာမှာခေါင်းလည်းမငြိမ့်သလိုခေါင်းလည်းမခါမိ။ဒီအချိန်မှာသာသာလေးခွဲစိတ်မှုအဆင်
်ပြေစေချင်တာပဲရှိသည်။

     ''ကျွန်တော်သားကိုလည်းအခု
ဖမ်းသွားပါပြီ…အကိုကြီးသမီးလေး
သတိရမှစီရင်ချက်ချမယ်လို့ပြောပါတယ်
ကျွန်တော်သားရဲ့စနောက်မှုကြောင့်အခုလိုဖြစ်သွားတဲ့အတွက်တကယ်စိတ်
မကောင်းပါဘူး´´

     ''အဲ့ဒါတွေလာမပြောပါနဲ့ဗျာ
  သမီးလေးသတိရမှသူအမှန်တိုင်း
ထွက်ဆိုပါစေ´´

   ''အဲ့ဒါဆိုရင်လည်းခွဲစိတ်မှုအတွက်
ကောကုန်ကျစရိတ်အားလုံးကျွန်တော်
တာဝန်ယူပါရစေဗျာ…ဒီလိုပြောတာလည်းအမှုကိုကျေအေး
စေချင်လို့ပြောတာမဟုတ်ပါဘူး´´

     ''မလိုပါဘူးရပါတယ်…ကျွန်တော်
တို့ကုနိုင်ပါတယ်ဘယ်လောက်ကုန်
ကုန်´´

Just Friend ZoneWhere stories live. Discover now