Just friend Zone...4

925 70 0
                                    

Just Friend Zone
🍎🍎🍎🍎🍎🍎
Les story part (4)

ညဘက်ရောက်တော့သာသာညို့ကိုဆေးထပ်တ်ိုက်သည်။ညို့မှာသာသာသူမကိုအခုလိုဂရုစိုက်နေတာကိုကျေနပ်နေမိသည်။ညို့ငယ်ငယ်ကဒီလိုနေမကောင်းဖြစ်ဖူးတာပဲအမေလည်းသာသာလိုဂရုစိုက်ပေးခဲ့ပါသည်။ဒါပေမဲ့သာသာဂရုစိုက်ပေးတာကိုပိုပြီးသဘောကျနေမိသည်။တစိမ်းတယောက်ရဲ့ဂရုစိုက်ခြင်းကိုအခုမှခံစားရဖူးလို့လားတော့ညို့မပြောတက်။

    ''ညို့သက်သာတယ်မို့လား´´
    ''အင်း…သက်သာပါတယ်
       သာသာညို့က်ိုအခုလိုဂရုစိုက်
       ပေးတဲ့အတွက်အရမ်းကျေးဇူး
        တင်ပါတယ်နော်´´

ညို့စကားကြောင့်သာသာပြုံးလိုက်သည်။သာသာရဲ့အပြုံးလေးကတကယ့်ကိုဖြူစင်အေးချမ်းနေသည်ဟုညို့ထင်မိသည်။

    ''ရပါတယ်ညို့ရယ်…သူငယ်ချင်း
   တွေပဲမဟုတ်ဘူးလားကျောင်း
    သာသာအတွက်ညို့ကတဦးတည်း
    သောသူငယ်ချင်းပဲလေ´´

ညို့သာသာကိုငေးကြည့်ရင်း……
    ''ဒါနဲ့သာသာကရတနာပုံကနေဒီ
      ကိုဘာလို့ပြောင်းလာတာလဲဟင်´´

   ''ဖေကြီးကဝန်ထမ်းလေအရင်မန္တ
     လေးမှာတာဝန်ကြတာအခုအငြိမ်း
    စားယူပြီးရန်ကုန်ပြောင်းလာတာ
     လေ´´
   
     ''အော်…ဟုတ်လားမန္တလေးမှာ
       ရည်းစားတွေဘာတွေမကျန်ခဲ့
       ဘူးလား´´
သာသာပုံလေးကဒီလောက်လှပြီးချစ်စရာကောင်းနေတာရည်းစားတော့ရှိမှာပေါ့။ဒီနေ့မှညို့မျက်လုံးထဲတွင်သာသာကပိုပြီးလှနေပါသည်။ဘာကြောင့်ရယ်တော့မသိ။သာသာက……
     ''ကြံကြံဖန်ဖန်ညို့ရယ်…ဘာ
       ရည်းစားမှမကျန်ခဲ့ပါဘူး´´
ညို့ကသာသာကိုမယုံသလိုကြည့်နေတာကြောင့်……
      ''တကယ်ပါညို့ရဲ့…အမှန်တိုင်း
       ပြောရရင်သာသာရည်းစားတစ်
      ခါမှမထားဖူးဘူး´´

     ''အယ်…တကယ်´´
       ''တကယ်´´
ညို့ပုံစံလေးမှာလန်းဆန်းနေတာကြောင့်သာသာညို့ဆီမှသူမသိချင်တာကိုမေးသင့်မမေးသင့်စဉ်းစားနေမိသည်။

    ''ညို့´´
    ''အင်း´´
    ''ညို့ကဘာကြောင့်မိသားစုနဲ့
     အတူမနေတာလဲဟင်´´
မအောင့်နိုင်တာကြောင့်သာသာမေးမိသွားသည်။ညို့မျက်နှာတချက်ပျက်သွားပြီး……

Just Friend ZoneWhere stories live. Discover now