ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စတွေက ဘယ်လိုမှပြင်လို့မရတော့ဘူးလေ။
လက်မခံချင်လည်း ကိုယ်ပဲမို့ လက်ခံရမယ်။

•••••

ဆူးအိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး စာကြည့်ရန် စာကြည့်စားပွဲ၌ ထိုင်နေမိသည်။ Physics Definitionတွေကျက်ရင်း စာကြည့်စားပွဲ၌ ထောင်ထားသည့် ဓာတ်ပုံလေးကို သေချာကြည့်မိသည်။

ဖုန်လေးတွေတောင် တက်နေပါရော့လား…။

ဓာတ်ပုံလေးကို တစ်ရှူးလေးနှင့် သေချာစွာပွတ်သုတ်လိုက်တော့ ပုံက ပို၍ကြည်လာသည်။

ဓာတ်ပုံထဲ၌ ပြုံးရယ်နေသော ကောင်လေးသုံးယောက်နှင့် ကောင်မလေးတစ်ယောက်။ အပြုံးများက ပကတိဖြူစင်စွာ အသက်၀င်လျက် ။

ပုံလေးကို ကြည့်လျက် ဆူးအရင်အချိန်တွေကို ပြန်တွေးမိသည်နှင့် တစ်ပြိုင်နက် လက်ကလည်း Diary
စာအုပ်ခရမ်းရောင်လေးကို ဖွင့်မိလျက်သား။

ဆူးတို့ သူငယ်ချင်းတွေက ငယ်စဉ်ကလေးဘ၀တည်းက ဆုံခဲ့ကြတာဖြစ်၏။

ခီတန်ကူးဇဏ်နဲ့ရတုနဲ့က ဆူးသူငယ်တန်းတည်းက စသိတာဖြစ်သည်။ သို့သော် ဇဏ်နဲ့ကမေးထူးခေါ်ပြော‌ လောက်သာ။တစ်တန်းရောက်မှသာ တော်တော်ရင်းနှီးသွားတာဖြစ်၏။ ဒါတောင် သူကလိုက်ရောခဲ့တာဖြစ်သည်။ ဇဏ်က ငယ်ငယ်တည်းက သူ့ပုံစံနဲ့သူ နေတာဖြစ်သည်။
သူ့အပိုင်ဆို ဘာဆိုဘာမှ ထိတာမကြိုက် ။ အဲ့ဒီကိစ္စတစ်ခု‌ကြောင့်ဘဲ သူ့ကိုနှစ်ယောက်ကို ရင်းနှီးစေခဲ့တာဖြစ်၏ ။

ဆူးက ငယ်ငယ်တည်းက သွက်သည်။ အပြုံးချိုချိုလေးနှင့် ဆူးကို လူတိုင်းက မြင်ရုံနှင့် ချစ်ကြသည်။
ရွယ်တူလေးတွေဆိုလည်း ဆူးကို ခင်ကြသည်။ အတန်းထဲမှာလည်း ဆူးနဲ့မခင်ကြတဲ့ သူဆိုတာမရှိ ။ ထိုထဲတွင်တော့ ခီတန်ကူးဇဏ်မပါ ။ သူကမခင်တတ်တာမဟုတ်ပေမဲ့ ‌ဆူးကတစ်ခွန်းမေး သူကတစ်ခွန်းဖြေ ထိုလောက်သာ ။ ဆူးက စပ်စုတတ်တဲ့သူပီပီ ဇဏ့်ကွန်ပါဘူး နက်ပြာရောင်‌လေးကို ပိုင်ရှင်ကိုအသိမပေးဘဲ ဆူးထိုင်သည့်နေရာသို့ ယူသွားခဲ့သည်။ ကွန်ပါဘူးကို အတန်းထဲရှိ သူ့ခုံပေါ်၌ ထားကာ အိမ်သာသွားနေစဉ် အတန်းထဲကကောင်လေးတစ်ယောက်က သူ့ခုံပေါ်တင်ထားခဲ့သည့် ကွန်ပါဘူးကို ယူကာ အခန်းသမံတလင်း၌ ထောင်ကာဆော့နေသည်။ ဆူးသူ့ဆီက ပြန်တောင်းသော်လည်း ဟိုကောင်လေးကမပေး ၊ ထို့ကြောင့် ကွန်ပါဘူးကို ဆူးနဲ့ထိုကောင်လေး အပြိုင်ဆွဲကြရာ  ကွန်ပါဘူးက ကျကွဲသွားသည်။

Love Of My Life [Completed]Where stories live. Discover now