သွားလိုရာ မှတ်တိုင်သို့ ရောက်တော့မှာမို့ ညိမ်နေရာမှ ကြိုထထားလိုက်သည်။ အပြင်ကိုကြည့်လိုက်တော့ နေကသိပ်မပူသေး ။ ထီးမယူလာတာမို့ နေမင်းကြီးကိုတောင် ကျေးဇူးတင်ချင်သွားသည်။

မှတ်တိုင်၌ ဆင်းကာ လမ်းချိုးလေးသို့ လျှောက်လာလိုက်သည်။ လမ်းသွယ်လေးက ကျဉ်းကျဉ်းလေး ဖြစ်သဖြင့် ကားများတော့ မတွေ့ ၊ စက်ဘီးများသာ အနည်းငယ်တွေ့သည်။ အမှန်တော့ သူလိုအပ်တဲ့စာအုပ်တွေဝယ်ဖို့ စာအုပ်ဆိုင်ရှာတာဖြစ်သည်။ ၀ယ်နေကြဆိုင်တွေရှိပေမဲ့ အခြားဆိုင်တွေ စပ်စုချင်တာမို့ ဖေ့စ်ဘွတ်ခ် တွင် reviewကောင်းသော ဆိုင်လေးသို့ ရှာကာရောက်လာခြင်း။

Book For U ...

ဆိုင်းဘုတ်လေးတွေ့၍ ၀င်လာလိုက်သည်။ အပြင်အဆင်ကအစ အညိုစင်လေးမို့ ညိမ့်နှုတ်ခမ်းထက်၌ အပြုံးတို့ ချိတ်ဆွဲသွားရသည်။ အညိုရောင်ကြိုက်သူအဖို့ အညိုရောင်နဲ့ ပတ်သက်တာတွေ မြင်တိုင်း သဘောတကျဖြစ်ရသည်။

ခဏ ခဏ လာဖြစ်တော့မယ်ထင်တယ် ။

အထဲ၌လည်း စာအုပ်အမျိုးအစားများက စုံလင်လင်သည့်အပြင် Coffee Bar လေးပါရှိသည်။ စာအုပ်ဝယ်လို့ရသလို့ စာအုပ်ကို ထိုင်ဖတ်၍လည်းရသည်။ သုတ ၊ ရသ စာအုပ်များအပြင် ကျောင်းအတွင် အသုံးလိုသော ‌စာအုပ်များပါရှိသည်။ စာရေးကိရိယာ များကိုလည်း သူ့အကန့်နဲ့သူ ခွဲထားသည်။

သူလည်း တစ်ချိန်ဆိုင်ဖွင့်ဖြစ်ရင် ဒီလိုလေးအေး‌‌ ဆေးလေးဖွင့်မယ်လို့ တွေးမိသည်။

ညိမ်လှည့်ပတ်ကြည့်ရင်း စာအုပ်ဖတ်ရင် ကော်ဖီပူပူလေးတစ်ခွက်က လိုအပ်တာမို့ Coffee Bar ရှိရာသို့ သွားလိုက်သည်။

"ညီ အစ်ကို့ကို Black Coffee တစ်ခွက် သံပုရာလေး များများ ညှစ်ပေးနော် "

"ဟုတ်ကဲ့ဗျ"

ကောင်လေးက‌ ဖော်ရွေစွာ‌ပြုံး၍ပြန်ဖြေသည်။

"ကျွန်တော်လည်း Black Coffee ဘာမှမထည့်ပါနဲ့ "

သူ့နောက်ကနေ ထွက်လာတဲ့ ဩရှရှအသံတစ်ခု ။
အသံက ဩပေမဲ့ ဘာလို့မှန်းမသိ နားထောင်လို့ကောင်းနေသလိုဘဲ ။

Love Of My Life [Completed]Where stories live. Discover now