သူလည်း ပန်းကန်ဆေးလို့အပြီးမာ ကိုကိုရှိရာအခန်းထဲကို လိုက်လာလိုက်သည်။ကုတင်ပေါ်မာ မှောက်ပြီးအိပ်နေတဲ့ ကိုကိုက ထမင်းစားပြီးလို့ ဗိုက်ပြည့်နေတာကို မသိတာလား ပြန်အန်ထွက်ကုန်နေတော့မာပဲ။

ရိပေါ်လည်း ကလေးဆိုးလေးကို ထစေလိုက်ပြီး သူ့ရင်ခွင်ထဲမာ လဲစေလိုက်သည်။

"မောင် "

"ဗျာ"

"သားကနေနိုင်တယ်နော်  ကိုကိုတို့ကို ဖုန်းတောင်မခေါ်ဘူး"

"ကိုကိုရယ် သားလည်းပင်ပန်းနေရောပေါ့ မားကပြောတယ်လေ သားကအိပ်ပျော်နေတယ်ဆိုတာကို"

"အူးးးးးးဒါပေမယ့်လေ "

"ကဲ့ပါ ကိုကိုရေ ဒီညမခေါ်ရင်တောင် မနက်ကျခေါ်လာလိမ့်မယ် ဒါမှမဟုတ်မောင်ခေါ်မယ်လေနော်"

"ဟင့်အင့်"

အသည်းနုလိုက်တာ ကိုကိုရာ။ ရင်ခွင်ထဲက ဂျီကျနေသော ကိုကို ကိုကလေးလေးလို ချော့သိပ်နေလိုက်ပြီး ကိုကိုအိပ်ပျော်ပြီဆိုကာမှ ရိပေါ်လည်း ရေချိုးမနေတော့ပဲ သွားတိုက်ပြီး ကိုကိုရင်ထဲပြန်ထည့်ပြီး အိပ်နေလိုက်သည်။
တော်သေးတယ် သူဟင်းနွေးနေချိန်မာ ကိုကိုရေချိုးနေလို့ အခုလည်းကြည့် ထမင်းစားပြီး သွားမတိုက်ပဲ အိပ်နေတာ။

ချစ်လိုက်တာ ကိုကိုရေ ရင်ခွင်ထဲကကိုကို အနမ်းကလေးပြီး သူလည်းမျက်လုံးမှိတ်နေလိုက်သည်။

......

မနက်အစောကြီး ရှောင်ကျန့်မျက်လုံး ဖွင့်ဖွင့်ခြင်း သူ့ကိုအပြုံးလေးနဲ့ စိုက်ကြည့်နေတဲ့မောင်ကြောင့် ရှောင်ကျန့်ခေါင်းကို စောင်ထဲပြန်ထည့်လိုက်သည်။

ရိပေါ် သူ့ကိုကိုရဲ့ လှုပ်ရှားမှု့တစ်ခုတိုင်းကို မြတ်နိုးလွန်းလို့ လက်လွှတ်မခံကြည့်နေလိုက်သည်။ဒါတွေကို နိုးနိုးခြင်း သူ့ကိုတွေ့သွားလို့ ရှက်နေတာလေးက တကယ်ကို အသဲယားစရာလေး။

"ကဲ့ဗျာ ရှက်မနေပါနဲ့တော့ ဗိုက်ဆာနေပြီလား မောင်Sandwichလုပ်ပေးထားတယ် "

"အွန်း မောင်ချီ "

လက်နှစ်ဖက်ဆန့်လာပြီး သူ့ကိုချီခိုင်းတဲ့ ကိုကို ကိုရိပေါ် အနမ်းတစ်ပွင့်ပေးပြီး မချီလိုက်သည်။

Our Family (Completed)Kde žijí příběhy. Začni objevovat