သက်ဆုံးတိုင်ထိသာ(အပိုင်း_၃)

70 6 2
                                    

အခန်းလော့ချကာမွေ့ယာပေါ်ထိုင်လိုက်သည်။ဆေးလိပ်ခွက်ယူကာမီးညို့ပြီးသောက်၍ခေါင်းမော့ရင်းလေထဲမှာပျံနေတဲ့ဆေးလိပ်အနံတွေကိုသာရှုရှိုက်မိသည်။မွေ့ယာဘေးတင်ထားတဲ့ဖုန်းကမြည်းလာတော့ဝမ်ရိပေါ်ကောက်ကိုင်လိုက်သည်။

"hello"

ရှင်းရီ ညအိတ်ဝတ်စုံလဲဝတ်ပြီးချင်း သူမရဲ့ရှည်လျားနေတဲ့ဆံနွယ်တွေကိုသုတ်ရင်းပြောသည်။

"ဝမ်ရိပေါ်ရေ ငါလေ"

သူသိတယ်၊ဘယ်သူလဲဆိုတာတစ်ချိန်ကသူရဲ့ပထမဆုံးချစ်သူဆိုတာ။အခုတော့ပြက်သွားပြီဆိုပေမယ့်သူငယ်ချင်းဆက်ဆံရေးအတိုင်းပါပဲ။

"အင်း နင်ဘာလို့ဖုန်းဆက်တာလဲ"

"လန်ဒန်မှာငါနဲ့ကျောင်းလာတက်လေ"

"မတက်ချင်ဘူး"

"အာ အင်းပါငါကအပျင်းပြေခေါ်လိုက်ရုံပါဒါပဲ"

ဝမ်ရိပေါ်ဘက်ကဘာမှမပြောပဲဖုန်းချသွားတော့ရှင်းရီအလိုလိုဝမ်းနည်းသွားသည်။ကြာလာတာနဲ့အမျှသူတို့နှစ်ယောက်အနေဝေးသွားတော့စိမ်းကာလာတဲ့ဝမ်ရိပေါ်ကြောင့်သူမဝမ်းနည်းနေရသည်။ဆက်မတွေးချင်တာမို့ဖုန်းချပြီးအိပ်နေလိုက်တော့သည်။
_______________

မနက်ရောက်တော့နေရောင်ခြည်ကဝမ်ရိပေါ်ရဲ့ခန့်ညားချောမောလှတဲ့မျက်နှာကိုလာထိုးတာမို့ကျစ်ဆိုပြီးစုတ်သတ်မိသည်။

အောက်ထပ်မှာထမင်းစားပွဲဝိုင်းပြင်နေတဲ့ရှောင်းကျန့်ကိုဝမ်ရိလင်လကထိုင်ရင်းပြောသည်။

"သားကျန့်"

"ဟုတ်ကဲ့ဗျ"

"ဝမ်ရိပေါ်သွားနိုး၊မထသေးဘူးလားနေဖင်ထိုးတော့မယ်၊ကျစ် ဒီကောင်ကျောင်းသွားရမယ်ဆိုတာသိရဲ့သားနဲ့ကွာ"

ဝမ်ရိလင်ကသူလက်မှာပက်ထားတဲ့နာရီကိုကြည့်မိသည်။သူလည်းခိုင်းလိုက်တယ်ဆိုမှာသူကခြေထောက်မကောင်းတော့တာမို့ဝှီးချဲလ်နဲ့ပဲဘဝဆက်နေရသည်မှာအမှန်ပဲ။သားလေးနှစ်ယောက်ရှိတာမပြောချင်တော့ဘူး၊တစ်ယောက်ကသူအရည်အချင်းနဲ့သူမိသားစုကိုပြည့်စုံအောင်ထောက်ပံ့ထားနိုင်ခဲ့ပြီ၊ကွက်ဖြစ်နေတာကသူသားအငယ်ကောင်ဝမ်ရိပေါ်ပဲ၊အိမ်မှာအငယ်ဆုံး၊အဆိုးဆုံး၊တအားလည်းထွားကြိုင်းလာတယ်၊ဒီကောင်များအိမ်ထောင်ကျခဲ့ရင်မလွယ်ပါဘူးလေ။သူလည်းသူသားငယ်အတွက်သက်ပြင်းတွေခဏခဏချနေရတာ၊ကြည့်ရမယ့်ပုံတော့သူလည်းသူသားအတွက်နဲ့အသက်တိုလောက်တယ်၊သားကျန့်ကလည်းမငြင်းရှာဘူးလိမ္မာတယ်၊ခိုင်းတာအကုန်လုပ်တယ်၊ဝမ်ချန်ရိကသူအိမ်ထောင်နဲ့သူဆိုတော့ပြောစရာမလိုတော့ဘူး။ရှောင်းကျန့်ကအခန်းထဲမဝင်ခင်တံခါးခေါက်လိုက်ပေမယ့်လည်းခေါ်သံမကြား၊ထပ်ပြီးတစ်ချက်နှစ်ချက်ခေါက်လိုက်တော့အသံမကြားတာမို့အခန်းထဲဝင်လိုက်သည်။ဟင် တစ်ယောက်မှမလည်းမရှိဘူး၊ထိုစဉ်မှာပဲရေချိုးခန်းကထွက်လာပြီးအောက်ပိုင်းကပတ်ထားတဲ့ရေချိုးတပက်ကိုပက်၍စိုရွဲနေသောဆံပင်တွေနဲ့တောင်မှဝမ်ရိပေါ်ကချောတုန်း၊လည်းပင်မှာလည်းတပက်အဖြူပက်ထားသည်။

သက်ဆုံးတိုင်ထိသာWhere stories live. Discover now