ရင်းဝူသည် ခနသာ ရပ်တန့်လိုက်ပြီးနောက်-
"နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲတော့မသိဘူး အရှင်ဖမ်းမိတဲ့မိစ္ဆာတွေကိုဒီတောအုပ်မှာပဲ လာဖမ်းထားကြတာပဲ၊မိစ္ဆာတွေ အများကြီး၊အများကြီး ရှိလာတော့ ဒီတောအုပ်မကောင်းဆိုးဝါးစွမ်းအင်တွေတစ်အားစုပုံပြီးနေရောင် လုံး၀မထိုးတော့ဘူး အဲ့ဒါကြောင့်မို့ နောက်ပိုင်းဒီတောအုပ်ကို 'နေမထိတောအုပ်' လို့ခေါ်ကြတော့တာပဲ၊ငါလည်း မထင်မိဘူးဒီနေရာက စာမေးပွဲ စစ်ဆေးမဲ့နယ်မြေလို့..."
ဖေးဟိုင်စကားပြန်ပြောတော့မည်အပြု နှစ်ယောက်လုံးရပ်တန့်သွားကြလေသည်။သူတို့၏ ဓားများကိုကိုင်လိုက်ကာ တိုက်ခိုက်မည့်ပုံစံ အသင့်ပြင်လိုက်လေသည်။ထို့နောက်ဖေးဟိုင် က တိုးညင်းစွာပြောလာလေသည်။
"တစ်ခုခု လာနေတယ်..!"
နှစ်ယောက်လုံး ဒီတောအုပ်ကြီး ထဲသို့ ရောက်လာတာ သုံးရက်ရှိခဲ့ပြီ၊ထို့ကြောင့်တစ်ဖြည်းဖြည်းနဲ့ ဒီတောအုပ်ကြီး အထာကိုသဘောပေါက်လာကြပြီလေ။နေရောင်ခြည်မရသော ကြောင့်ဒီနေရာတွင်အကြားအာရုံကိုသာအဓိကအသုံးပြုရလေသည်။မိစ္ဆာ ဆိုသည်မှာ အလွန့်ကို လှည့်ဖြားတတ်သော အရာမျိုး။ဒါကြောင့်တော်တော် လေးသတိထားရပေမည်။တစ်ခုခု လွဲချော်သွားမယ်ဆိုတာနဲ့ အသက်တောင်ဘယ်နားပျောက်သွားမှန်းသိလိုက်မှာမဟုတ်ဘူး။
ရုပ်လုံးမပေါ်သောအရာတစ်ခု မှာဖေးဟိုင်တို့ နားသို့တစ်ဖြည်းဖြည်းရွေ့လာလေသည်။ထိုအရာမှာနီးကပ်လာလေ၊နှစ်ယောက်သား သိလိုက်ရတာကအဲ့အရာက တစ်ကောင်ထဲမဟုတ်ပေ။အုပ်စုလိုက်ကြီးရွေ့လျား လာခြင်းပေ။
ဝုန်း!
ထိုအရာမှာ ဖေးဟိုင်အရှေ့သို့
ဖွားကနဲပေါ်လာပြီး ဖေးဟိုင်ကိုသဲသဲမဲမဲ ရိုက်ချလိုက်လေသည်။ဖေးဟိုင် သည်ထို ရိုက်ချက်ကြောင့် အနောက်သို့အနည်းငယ်လွှင့်ထွက်သွားလေသည်။"အဟွတ်!...ဘာကောင်လဲ?"
သူအာရုံစိုက်ပြီးကြည့်သော်လည်း သူ့ကိုရိုက်လိုက်သော အကောင်မှာ ဘာကောင်မှန်းမသိသေး။ထိုအချိန် အမှောင်ထဲမှ ရင်းဝူ၏ အသံမှာထွက်ပေါ်လာလေ၏။