တကယ်တမ်းတော့ ကျုကျွယ်က တစ်ဆယ့်လေးနှစ်မကတော့ဘူးဆိုတာ ငါသိပါတယ်။ သူ့ရဲ့ အရင် ကမ္ဘာမှာဆို သူက နှစ်ဆယ့်ခြောက်နှစ်တောင် ရှိနေပြီ။ ငါတောင် သူ့ကို 'ဦးလေး' လို့ခေါ်ရမှာ။ ဒီတော့ ဆယ်ကျော်သက်တွေလိုမျိုး လူပျိုဖော်ဝင်ချိန်မှာ ပုန်ကန်ဖို့မရှိဘူးလိုတော့ ထင်ရတာပါပဲ။ အခုပြောမှ စဉ်းစားမိတယ်။ ကျုကျွယ်က အချိန်တိုင်းလိုလို မရင့်ကျက်သေးချင်ယောင်ဆောင်နေတာပဲ။ ထားပါ။ ဘယ်လို ဇာတ်လိုက်မျိုးပဲ ဖြစ်ဖြစ် သူက ငါ့ရဲ့ဇာတ်လိုက်ပဲလေ။ သူဟန်ဆောင်နေတာကို ငါအာရုံမထားပါဘူး။

စုံစမ်းရေးမှာ အလှည့်အပြောင်းတွေက တော်တော်များတယ်။ ချိုးယွီအပြင် ငါ၊ ကျုကျွယ်နဲ့ အေးခဲတောင်ထိပ်က တခြားတပည့်နှစ်ယောက်ပါတယ်။ အမှတ်စဉ်အတိုင်းခေါ်ရမယ်ဆို သူတို့က ဂျူနီယာ ၇၇ နဲ့  ဂျူနီယာ၃၈ ပဲ။ ငါ့အထင် ကျုကျွယ်က ၉၈ လောက် သွားကျမယ်။ အင်းပေါ့။ အေးခဲတောင်ထိပ်က ဂိုဏ်းကြီးတွေထဲကတစ်ဂိုဏ်းပဲလေ။ အခုတော့ ကျုကျွယ်က တပည့်လေးဆိုပေမယ့် အကြီးအကဲတွေရဲ့ တိုက်ရိုက်တပည့်မဟုတ်တဲ့ တခြားတပည့်တွေဆို အမှတ်စဉ် ၉၈ ထဲတောင် မဝင်ဘူး။ ချိုးယွီက ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဆိုပေမယ့် သူက အေးခဲတောင်ထိပ်နဲ့ မဆိုင်ဘူး။ သူ့ဆရာက တခြားတနေရာက လေလွင့်နေတဲ့ အင်းဆက်ထိန်းသိမ်းသူဆရာတစ်ယောက်လေ။ ဂျူနီယာ ၇၇ ရဲ့ နာမည်က ပိုင်လျန် (ဟုတ်တယ်။ နင်တို့ထင်နေသလိုပဲ။ အဲ့ဒီ ကြာပန်းဖြူဆိုတဲ့ တရုတ်စာလုံး ) သူက သူ့နာမည်သူ ကြိုက်နေတဲ့ယောင်္ကျားလေးတစ်ယောက်။ မျက်နှာရော လူရော သေးသေးကွေးကွေးလေး။ သူ့ရဲ့ ကာရိုက်တာဆက်တင်က အင်မတန်ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့ ကြာပန်းဖြူလေးလို ကလေးပဲ။ အင်း။ သူက ကောင်းတယ်။ တော်တော်လေးကောင်းတဲ့အပြင် ကြမ်းကြမ်းတမ်းတမ်းတစ်ခုမှ မရှိဘူး။ အရမ်းလည်း စိတ်ရှည်သည်းခံတတ်သေးတယ်။ ဂျူနီယာ ၃၈ က ပိုင်လိချွမ်လို့ခေါ်တယ်။ သူက အရပ်ရှည်ရှည်နဲ့ ဝမ်းတွင်းမည်းတစ်ယောက်။ သူက မွေးကတည်းက စဉ်းစားဆင်ခြေဉာဏ်မရှိတဲ့ မိုက်မဲတဲ့သူမဟုတ်ဘူး။ ဒီတိုင်း ..... စိတ်တိုလွယ်တဲ့သူပဲ။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now