ပထမပိုင်း

442 27 2
                                    

အချစ်သည် ဆန်းကျယ်လှပေစွ။
လွန်စွာလွန်စွာ ဆန်းကျယ်ပါ့။

"သြော် အချစ်ဆိုတာ ဒီလိုပါလား"ဟူ၍ လူတွေ သမုတ်ရလောက်သည်အထိ
ထူးခြားဆန်းပြားပြီး
သိပ်အံ့သြဖို့ကောင်းပါ၏။

"မြတ်နိုး ! "

သူ့ရဲ့ခေါ်သံ နူးနူးညံ့ညံ့ကအစ နားထဲချိုအီလာသည်အထိ
သိမ်မွေ့လွန်းတဲ့သူရယ်။
ပြုံးလိုက်တဲ့အခါတိုင်း သွားစွယ်တွေ ပေါ်လာသည်အထိ နှစ်လိုဖွယ်ရာ အတိ။
မိန်းကလေးတန်မဲ့ ထူထဲပြီး မျက်ခုံးနှစ်ခုက ထိစပ်နေကာ
သူစိတ်အလိုမကျသည့်အခါတိုင်း မျက်ခုံးများ ပို၍ပို၍ ထိကပ်နေသည်အထိ မျက်မှောင်ကြီးကြုတ်ထားသည့်အခါတိုင်း
မြတ်နိုး သည် သူ့အား များစွာမှ သဘောကျရပါသည်။

"မြတ်နိုး! အိပ်တော့လေကွာ ။ အိပ်တာနောက်ကျရင်
မနက် မျက်တွင်းတွေကျနေပါ့မယ် နော် .. အိပ်ပါတော့ ကွာ။ လိမ္မာ ပါတယ်"

အိပ်ချင်စုံဖွားဖြစ်နေသော သူက
ဓာတ်ပုံတစ်ခုကိုကြည့်ကာ အတွေးနယ်ချဲ့နေသော မြတ်နိုးအား
တယုတယစကားဆိုပြန်သည်။
သိပ်ကို ပြုစားလွန်းနေလိုက်တာ။

သူ့ရဲ့အပြုအမူသေးသေးလေးတွေကအစ
မြတ်နိုး သိပ်သဘောကျလွန်းလို့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။

တကယ်တော့ မြတ်နိုး နဲ့သူနဲ့ ဒီလိုအခြေအနေထိ ရောက်လာခဲ့တာဟာ
သူ့ရဲ့ ရဲရင့်ခြင်းတွေ၊ သတ္တိတွေ၊ ခွန်အားတွေ၊ ဉာဏ်ပညာတွေအများကြီးကြောင့်ဆို မမှားပါဘူး။

သူ့နာမည်က ----။
ပြောမပြပါဘူး။
မြတ်နိုးက ပြောမပြချင်ပါဘူး။
သဝန်တိုရပါသည်။
ဘာလို့ သူစိမ်းတွေကို သူ့နာမည်ပြောပြရမှာလဲ.. နော်။

မြတ်နိုး ။
မြတ်နိုးနာမည်ကတော့ မြတ်နိုးပါပဲ။
မြတ်နိုးမိဘတွေက သာမန်ဝန်ထမ်းတွေဆိုပေမယ့်
အနည်းငယ်တော့ တင့်တင့်တယ်တယ်နေနိုင်တယ်လို့ ပြောလို့ရသည်။

လက်ထပ်ပြီး ကလေးမရခဲ့တဲ့ မိဘတွေက ကလေးရဖို့အမျိုးမျိုးကြိုးစားခဲ့ကြသည်။
၇နှစ်အကြာမှ သန္ဓေတည်တဲ့ ကလေးကို
သူတို့လင်မယားနှစ်ယောက်လုံးက သည်းသည်းလှုပ်ချစ်ကြ၏။
သို့သော် နှစ်ယောက်စလုံးမှာ သားယောက်ျားကလေးကိုသာ လိုချင်ကြသည်တဲ့။
အံ့ရော။

မြတ်နိုးပန်းလေး မနွမ်းစေချင် (မြတ်နိုးပန်းလေး မနွမ်းစေချင်)Where stories live. Discover now