Part.10(Unicode)

22.9K 1.4K 64
                                    

☁️ငယ်☁️

"လမင်း "

ခေါ်သံကြားတော့ လမင်းငယ် နောက်လှည့်ကြည့်လိုက်တဲ့အခါမှ.
" ဟာ ကိုဇွဲထက်ယံ!"

ဇွဲထက်ယံက လမင်းငယ်တို့နဲ့ ၁၀တန်းအတူတူနေခဲ့တဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်ပါ။
ဒါပေမဲ့ ဇွဲထက်ယံက လမင်း ထက် အသက်ကြီးသည်။ ၁၀တန်းကို ၄နှစ်ဆက်တိုက်ကျ ခဲ့လို့ မြို့မှာဆို ကလပ်တွေ ဘားတွေသွား သူငယ်ချင်းတွေနဲ့ ပျော်ပါးစားသောက် စော်ရှုပ် ဘဲရှုပ် ဆေးသုံးနေလို့ နောက်ပိုင်းအမေနဲ့အဖေက ထိန်းမနိုင်တော့လို့ရွာက အဖွားဆီကိုပဲ ပို့လာခဲ့သည်။ အဲ့တော့မှ၁၀တန်းကို လမင်းငယ်တို့နဲ့အတူတူ နောက်တစ်နှစ်ပြန်ဖြေ ခဲ့တယ်လေ။

" လာလေ "

ဇွဲထက်ယံက လမင်းတို့ ရဲ့ မုန့်ဟင်းခါးဆိုင်မှာဝင်ထိုင်လိုက်သည်။
" လမင်းတို့ အောင်စာရင်းသွားကြည့်ပီးပီးလား !"

"အင်း အခုပဲ သွားကြည့်ပီးပြန်လာတာ ကို ဇွဲထက်ယံရော သွားကြည့်ပီးပီးလား!"

" အင်း !"

"အောင်သွားပြီးမလား !"

"အင်းအောင်သွားပြီး ! "

" သား သူငယ်ချင်းလား!"
မေကြီးက မေးလိုက်တော့.

"ဟုတ် ကျောင်းက အတန်းဖော် သူငယ်ချင်းပါ မေကြီး !"

ဇွဲထက်ယံက ပြုံးပြလိုက်သည်။
"စံပယ် ငါ့ကို နှုတ်ဆက်ပါအုံး စားပဲစားနေတယ်နော် နင်!"

" အဟွတ် ဘယ်သိမလဲ ငါ့ကို မတွေ့ဘူးထင်လို့ပေါ့!"

" အောင်လားနင်!"

" အောင်လို့ပေါ့ ဒီမှာ စားဝင်နေတာ မအောင်ရင် ငါ ဘယ်စားဝင်မှာလဲ !"

"ဟုတ်ပါပီး ၂၄၀နဲ့ အောင်ထားပါတယ်နော် မမစံပယ်က !" လမင်းငယ် က ထိုသို့ပြောလိုက်တော့
ဇွဲထက်ယံ ကပါ ထရီ ကုန်ကြသည်။

"အော် လမင်း ကို မြို့ပြန်တော့မလို့ အဲ့တာ ကို့မွေးနေ့လဲ ရှိနေလို့ လမင်းလိုက်ခဲ့ပါလား " ဇွဲထက်ယံက ထိုသို့ပြောလိုက်တော့ .

" မြို့ ကို!"

"အင်း "

လမင်းငယ်က မေကြီးကို တစ်ချက်ကြည့်လိုက်သည်။
"မေကြီး သားသွားလို့ရလားဟင်!"

☁️ငယ်☁️[Season.1]CompletedWhere stories live. Discover now