အား....လီကျင့်ရွှမ် သောက်ရူး သောက်ပေါ သေချင်းဆိုးကြီး ရူးနေလား ငါက ဘာလို့ မင်းနဲ့ လက်ထပ်ရမှာလဲ.

စိတ်ထဲက ကျိန်ဆဲပြီး ပေါက်ကွဲနေရင်း တစ်စုံတစ်ရာကိုသတိတရရှိသွားကာ
Kitty ကို အခန်းထဲမှာ လှည့်ပတ်ရှာကြည့်လိုက်သည်။

" ဟမ် Kitty သွားလိုက်ပြီလား ငါ့ကိုတောင် အသိမပေးသွားဘူး ''

စိတ်ညစ်ညစ်နဲ့ပဲ လာပို့သွားတဲ့ ကျောက်ပုစွန်တွေ ဂဏန်းတွေ အခြားပင်လယ်စာတွေကို ထိုင်စားနေလိုက်သည်။

ငါလေးက တကယ်စိတ်ညစ်နေတာပါနော်
ဒါတွေကလည်း စားချင်လွန်းလို့မဟုတ်ပါဘူး လီကျင့်ရွှမ်ကို အကုန်အကျများအောင်လို့ပါ တစ်မျိုးမတွေးကြပါနဲ့

.........................

တည်နေရာနားကိုမောင်းလိုက်လာရင်း ရောက်လာသည်က ဆိပ်ကမ်းတစ်ခု ။

" သောက်ရူးကောင် လီကျင့်ရွှမ် ငါ့ကလေးလေးရဲ့ပါးပါးကို သင်္ဘောနဲ့ ဘယ်ခေါ်သွားတာလဲ ''

ရှဲ့လီဖုန်း တစ်ယောက်အခက်တွေ့နေရသည်။ သူ့အား လိုက်လံကူညီပေးနေသည့် Kitty မှာလည်း လျှာပင်တစ်လစ်ထွက်ကျနေသည်အထိ ပင်ပန်းနေသည်။

ကားဘရိတ်ကြိုးဖျက်ထားလို့လည်း တစ်ခါကူညီပြီးပြီ ။ အခုလည်း သင်္ဘောကို ငါရှာပေးရမယ်လို့တော့မပြောနဲ့နော် ။
အစ်ကိုရိပေါ်ရေ ဒီဘဝကျမှ ဘာကိစ္စနဲ့ တုံးအနေတာလဲ ။ ကျုပ်လည်းစိတ်မရှည်တော့ဘူး ။ ဒီ လင်လင်နှစ်ယောက်ကို ကူညီရတာလည်း ငရဲပြည်မှာ ရေရှာရသလိုပဲ ။ ခက်ခဲလိုက်တာ ။

Kitty အတော်ပင်ပန်းနေပြီ မှန်း မင်းတို့ နားလည်ကြလော့ ။

သင်္ဘောဆိပ်မှာ လှည့်ပတ်ပြီး ကြည့်လိုက်ရင်း သင်္ဘောတစ်စီးကိုတွေ့သွားသည်။

တခြားတော့ မဟုတ် ။ သူ ဟိုတစ်လောက ပင်လယ်ကွေ့ကို ယွီယွမ် နဲ့ အတူ အပန်းဖြေခရီးထွက်ဖို့ ဝယ်ထားတာဖြစ်သည်။

" အဲ့တာမှ ဒုက္ခပဲ ငါက သင်္ဘောမမောင်းတတ်ဘူးလေ ''

Kitty သက်ပြင်းသာ ချလိုက်မိတော့သည်။
ဒီကိစ္စကို သူဝင်မကူညီလို့မရတော့ဘူးဆိုတာအတတ်သိလိုက်တာကြောင့်ဖြစ်သည်။

Peculiarly System [Completed ]Opowieści tętniące życiem. Odkryj je teraz