"ဝေ့ရင်း မင်းအားနည်းနေသေးတယ် မင်း စွမ်းအင်တွေမသုံးနဲ့ဦး"

"ငါရပါတယ် လန်ကျန့်"

"မရဘူး"

"လန်ကျန့်"

"ကိုယ်လုပ်လိုက်မယ် ဝေ့ရင်းနားလိုက်ဦး"

"ဟုတ်ပါပြီ ဟုတ်ပါပြီ လန်ကိုကိုလေး သဘောပါပဲ"

"သွားမယ်"

ရှောင်းကျန့် အံ့ဩနေတုန်းပင် လန်ဝမ်ကျီးက တံခါးချပ်တခုကိုဖွင့်လိုက်သည်
အလင်းတန်းတခုထဲ ရိပေါ် ဝင်မည့်ဆဲဆဲမှာပင်

"မောင်"

"အ အစ်ကိုရှောင်း"

"ကျန့်..."

သူနောက်ကျသွားသည်
မောင်ကိုထိုအလင်းတန်းက စုပ်ယူသွားခဲ့ပြီ

"ဝေ့ဝူရှန့်!"

"အစ်ကိုရှောင်း အစ်ကိုရှောင်း ကျွန်တော်ရှင်းပြတာနားထောင်ပါဦး"

ရှောင်းကျန့် သူ့ကိုဒီကိစ္စမပြောပဲ ဖုံးကွယ်ထားတဲ့‌ဝေ့ရင်းကို လိုက်ရိုက်ချင်ပေမဲ့
လန့်ကျန့်နောက်ပြေးပုန်းလိုက်တာကြောင့်
သူ ရပ်နေလိုက်သည်

အဟမ်း သူ့ကိုကြောက်လို့မဟုတ်ပါဘူး
သူ့လက်ထဲကဓားကြီးကိုကြောက်လို့

"မင်းငါ့ကို ဘာပြောစရာရှိသေးလဲ"

"တ တကယ်‌တော့လေ..."

"တကယ်တွေ နှစ်ကယ်တွေလုပ်မနေနဲ့ မောင်က ဘာလို့ ဒီကိုရောက်နေတာလဲ ခုရှင်း"

"ဝေ့ရင်းကိုမအော်နဲ့ ရှောင်းကျန့်"

ဓားအိမ်ထဲက ဓားတဝက်လောက်ကိုဆွဲထုတ်လိုက်တဲ့လန်ကျန့်ကြောင့် ရှောင်းကျန့် ဘေးနားကခုံတခုမှာဝင်ထိုင်လိုက်ပြီး

"ဝေ့ရင်းလေး လာ ဒီကိုလာ ဒီနားလာထိုင်နော် ပြီးတော့ သေသေချာချာလေးရှင်းပြ လာလာ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now