From Space

1.6K 196 26
                                        

Unicode

[Host ပြန်လာခဲ့လို့ Host!]

ရှောင်းကျန့် သူSpaceထဲရောက်တဲ့အချိန်က နိုးထလာခဲ့တဲ့နေရာလေးကိုရောက်တော့
ထိုနေရာအနီးအနားမှာ အိမ်လေးတ‌လုံးကိုတွေ့လိုက်ရသည်

"ဟင် အရင်တုန်းက ဒီနေရာမှာ အိမ်မရှိပါဘူး
အာ ဝေ့ရင်းလုပ်ထားတာပဲနေမှာ သူတို့ကကောင်းလိုက်တာ အစွမ်းရှိနေတော့လုပ်ချင်ရာလုပ်လို့ရတယ်"

ရှောင်းကျန့် တံခါးနားသွားလိုက်တော့ တံခါးကဖွင့်လျက်သား

"ဝေ့..."

"မင်းအဆင်ပြေတယ်မလား"

အိမ်လေးထဲကစကားသံများကြောင့် ရှောင်းကျန့် ဝင်မသွားပဲ နည်းနည်းချောင်းကြည့်လိုက်သည်

ဝေ့ရင်းတို့နဲ့စကားပြောနေတဲ့သူက
ဟင် မောင်!

သူတို့နောက်ဆုံးတွေ့ခဲ့တဲ့နေ့က ပုံစံအတိုင်း မောင့်ကိုတွေ့လိုက်ရသည်

မောင်က ဒီကို ဘယ်လို!

"မပြေဘူး မင်းဘာလို့ ငါကိုအသိမပေးပဲ ကျန့်ကျန့်ကိုခေါ်ထုတ်သွားရတာလဲ
ငါအသိစိတ်ဝင်တဲ့အချိန် သူမရှိတော့ ငါဘယ်လောက်စိတ်ပူသွားရလဲ မင်းသိလား"

"ဟဲ sorryပါ ရိပေါ်ရယ် ငါက...."

"မင်းတို့ကို ဝေ့ရင်းကို ကူညီပေးနေတာ! သူဘယ်လောက်ပင်ပန်းနေရလဲမင်းမသိပဲ လာအပြစ်မတင်နဲ့
ကျေးဇူးကိုမသိတက်ဘူး"

"လန်ကျန့်"

"ကိုယ်ပြောတာမှားလား ဝေ့ရင်း"

"Sorry ငါ ကျန့်ကျန့်တခုခုဖြစ်မှာ သိပ်စိုးရိမ်နေလို့ပါ"

"ငါသိပါတယ် ရိပေါ် ဒါပေမဲ့ မင်းဘာမှမစိုးရိမ်ပါနဲ့ ငါ့systemကိုငါပိုင်နိုင်ပါတယ်
အစ်ကိုရှောင်းကိုရော မင်းကိုပါ ငါ ဘာမှအဖြစ်ခံမှာမဟုတ်ဘူး"

"အွန်း ကျန့်ကျန့်ကို ပိုဂရုစိုက်ပေးပါ"

"ဒါဆို မင်းအရင်သွားနှင့်တော့မလား အစ်ကိုရှောင်းလဲ မကြာခင်လိုက်လာမှာပါ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora