"ချစ်ချင်ဆိုတော့ အခုကမချစ်ဘူးလား"

မောင်ပြောတဲ့ သဘောကို ရှောင်ကျန့်နားလည်ပေမယ့် မသိသလို ဟန်ဆောင်နေလိုက်သည်။

"အဲ့လိုမဟုတ်ဘူးလေ မောင်ပြောတဲ့သဘောကို ကိုကိုနားလည်ပါတယ်

ဒီဝမ်ရိပေါ်ဆိုတဲ့ မောင်ကလေ မောင့်‌ယောက်ျားဖြစ်တဲ့ ရှောင်ကျန့်ကိုကို မချစ်ရင် ဘယ်သူ့ကို ချစ်ရမလဲ

အခုလည်း ချစ်ချင်လွန်းလို့ မောင့်ဆီမာရှိတဲ့ ကိုကိုရဲ့ပူးတူးလေးက ဂူထဲအောင်းချင်လွန်းလို့ ဖောင်းကစ်ကစ်လေးဖြစ်နေပြီ"

"မောင်ဘာတွေလျှောက်ပြောတာ အရှက်လည်းမရှိဘူး သားကိုသွားကြိုတော့ ကိုကိုဖုန်းချပြီ"

"နေ...နေဦးလေ မောင့်အားကုန်နေပြီ မောင့်ကိုအားဆေးလေးတိုက်ဦး ကိုကိုလို့"

မောင့်ရဲ့ချွဲပစ်ပစ်အသံကြောင့် ရှောင်ကျန့်တစ်ကိုယ်လုံး ယားကျိယားကျိနဲ့ ဖြစ်ကုန်ပြီ။

"ကိုကို မောင်အားကုန်ပြီလို့"

"ဟုတ်ပါပြီ အူမွ ကိုကိုသားရဲ့ဒယ်ဒီလေးရေ အရမ်းချစ်တယ်နော် သားကိုသွားကြိုတော့"

"ဟုတ် ကိုကို အူမွ မောင်လည်းကိုကို ကိုချစ်တယ်နော်"

‌ကိုကိုဖုန်းချပြီးမှ ရိပေါ်လည်း သားကိုသွားကြိုဖို့ companyကနေထွက်လာလိုက်သည်။

မိုးတွေက သည်းသည်းကြီးရွာချလိုက်ရုံသာမက လေပါအရမ်းတိုက်နေတာမို့ ကားလည်းအရမ်းကျပ်နေသည်။

ကျောင်းနားရောက်ခါနီးမှ အနောက်က ဆိုင်ကယ်က သူ့ကားကိုကျော်ချင်သလိုမို့ သူလမ်းဖယ်ပေးချိန်မာ အဲ့ဆိုင်ကယ်မောင်းသူက ရုတ်တရက် သူ့ကားဆီမှောက်ချလာတော့
နည်းနည်းလန့်သွားပေမယ့် သူဖုန်းဆက်မို့ ဖုန်းကိုရှာမတွေ့။

နောက်ကျနေပါပြီဆိုနေမ အရေးထဲကွာ။ သားငိုနေတော့မာပဲ ကျစ် ဖုန်းကဘယ်မာကျကျန်သွားလည်း မသိ။

သူလည်း ကားပေါ်ကနေဆင်းလာပြီး အဲ့ဆိုင်ကယ်မောင်းသမားကို ဆွဲထူလိုက်တော့ အရက်နံ့တွေက နံဆော်နေတာပဲ ။

Our Family (Completed)Where stories live. Discover now